DVB Logo
Home
မြန်မာသတင်း
လွတ်မြောက်ဒေသ ဆေးရုံသစ်အတွက် မေ့ဆေးအထူးကုဆရာဝန်၊ သူနာပြုများ အရေးပေါ်လိုအပ်
DVB
·
May 15, 2024
လွတ်မြောက်ဒေသ ဆေးရုံသစ်အတွက် မေ့ဆေးအထူးကုဆရာဝန်၊ သူနာပြုများ အရေးပေါ်လိုအပ်
Donate to DVB

လွတ်မြောက်ဒေသတခုက ဆေးရုံသစ်မှာ မေ့ဆေး အထူးကုဆရာဝန်၊ ဆေးဝါးပညာရှင်တွေနဲ့ သူနာပြု ဆရာ၊ ဆရာမတွေ အရေးပေါ်လိုအပ်နေတာမို့ တာဝန်ထမ်းဆောင်လိုသူတွေကို ဖိတ်ခေါ်နေပါတယ်။

ဆေးတက္ကသိုလ် ၂ ၊ ရန်ကုန်ကျောင်းသားကော်မတီကတဆင့် ဖိတ်ခေါ်ထားပြီး တာဝန် ထမ်းဆောင်လိုတဲ့ ပညာရှင် ဆရာဆရာမတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက page message box ကို ဆက်သွယ်နိုင်ကြောင်းနဲ့ နေရာထိုင်ခင်း၊ အစားအသောက်နဲ့ လစဉ် ဂုဏ်ပြုချီးမြှင့်ငွေတွေကိုပါ တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကော်မတီက ဦးဆောင်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက တော်လှန်နယ်မြေတနေရာမှာ နွေဦးကျန်းမာ‌ဆေးရုံကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက် အားကိုးဖြိုခွင်းမှုတွေ၊ ဖမ်းဆီးသတ်ဖြတ်နေပြီး တဖက်မှာ NUG အစိုးရ အပါအဝင် တော်လှန်အင်အားစုတွေက ပြည်သူ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတာကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်နေတာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလထဲမှာပဲ NUG အစိုးရက ကြားကာလ ပြည်နယ်၊ ဖက်ဒရယ် ယူနစ်ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် CDM အထူးကုဆရာဝန်တွေ အပါအဝင် ရာထူးနေရာ အသီးသီးအတွက် ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်ယူခဲ့ပါသေးတယ်။

အဆိုပါ ခေါ်ယူမှုမှာတော့ တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိ ကာလအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့လည်း အစီအစဉ်တွေ ချမှတ်ထားရှိပြီး တော်လှန်ရေး အလွန်ကာလမှာလည်း ဘဝအာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး အင်အားစုတွေနဲ့ တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းတွေ အားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၃ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013