DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် သားအရင်းက မိခင်အား ဓားဖြင့်ထိုးသတ်ပြီး အလောင်းကို မီးရှို့ 
DVB
·
May 15, 2024
မဲဆောက်တွင် သားအရင်းက မိခင်အား ဓားဖြင့်ထိုးသတ်ပြီး အလောင်းကို မီးရှို့ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လုတ်အုပ်စု ဟွေ့မုန့်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမားလူငယ်တဦးက မိခင်ရင်းကို ဓားနဲ့ထိုးသတ်ပြီး အလောင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆောက်ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးပြီး မေ ၁၄ ရက်မှာ သူ ကျူးလွန်ခဲ့ပုံတွေကို အစအဆုံး ပြန်လည်သရုပ်ပြသစေခဲ့ပါတယ်။ 

တရားခံမှာ အသက် ၂၃ နှစ်ရွယ် နိုင်မင်းထွေး ဆိုသူ မြန်မာလူငယ်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၃ ရက် မနက် ၉ နာရီလောက်မှာ မိခင်ဖြစ်သူ ဒေါ်မိသန်း (၄၉ နှစ်) က သူ့ကို ဈေးသုံးဖို့ ငွေ တောင်းခဲ့ကြောင်း၊ သူကမရှိဘူး မပေးနိုင်ဘူးလို့ပြောတဲ့အတွက် သားအမိနှစ်ယောက်စကား များကြတယ် ၊ မိခင်က သူ့ကိုရိုက်တဲ့အတွက် သူကလည်း မီးဖိုချောင်ထဲက ဓားပြေးယူပြီး အမေကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တယ်၊ အမေ သေသွားတော့ အလောင်းကို အိမ်နောက် ဖေးဘက်ဆွဲသွားပြီး အလောင်းဖျောက်ဖို့ ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့တယ်။ အလောင်းက အကုန်မီးမလောင်တော့ ဖျာနဲ့ လိပ်ထားကြောင်း  ရဲတပ်ဖွဲ့ကို ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။ 

ဘာကြောင့် ကိုယ့်အမေကို ဒီလိုလုပ်ရသလဲဆိုတော့ တရားခံက သေဆုံးသူမှာ မိခင်ရင်းမဟုတ် ကြောင်း၊ သူ့အစ်ကိုကို ဘွဲ့ရတဲ့ထိ ကျောင်းထားပေးပြီး သူ့ကိုတော့ ကျောင်းမထားပေးဘူးလို့ ပြောပါတယ်။ 

ဖခင်ဖြစ်သူ ဦးကြည်သိန်း (၅၁ နှစ်) ဟာ မေ ၁၃ ရက်ညက အပြင်ကပြန်လာတော့ ဇနီးဖြစ်သူကို မတွေ့တာနဲ့ သားကို မေးကြည့်ကြောင်း၊ နိုင်မင်းထွေးက ဘာမှမဖြစ်သလိုနဲ့ မသိဘူးလို့ ဖြေခဲ့တယ်၊ အဖေက အိမ်ပတ်လည်လိုက်ရှာတာမှာ ဖျာနဲ့ပတ်ထားတဲ့ အလောင်းကို တွေ့လို့ ရဲစခန်းကို အကြောင်းကြားလိုက်တာ။ နိုင်မင်းထွေးဟာ  သူတို့သားအရင်းဖြစ်ပြီး ပြောရဆိုရ ခက်တာကြောင့် ကျောင်းမနေရတာလို့ ပြောပါတယ်။ 

သားကြီးဖြစ်သူ နိုင်းတွန့် (၂၅ နှစ်) ကလည်း ညီဖြစ်သူဟာ တခါတလေ စိတ်မမှန်ဘဲ သူ့ကိုယ်သူ သားအရင်း မဟုတ်ဘူး၊ ကျနော့်ကိုလည်း သူ့အစ်ကို မဟုတ်ဘူးလို့ ပြောတယ်၊  သူ့ကို ဆေးရုံမှာ ဆေးသွားစစ်ပေးတာမျိုးတော့ မလုပ်ပေးရသေးဘူးလို့  သတင်းထောက်တွေကို ပြောပါတယ်။ 

လူသတ်ပုံ သရုပ်ပြလုပ်ပြီး ရဲတွေက လက်ထိတ်ခတ်ခေါ်လာစဉ် သတင်းထောက်တွေက သူ့ကို  မိခင်ကို သတ်တဲ့အတွက် နောင်တရသလား၊ အမေကို ဘယ်လိုတောင်းပန်ချင်လဲလို့ မေးရာမှာ သူက ခေါင်းကိုသာ ခါယမ်းပြခဲ့တယ်လို့  ချနယ်လ် ၈ တီဗွီသတင်းမှာလည်း ဖော်ပြပါတယ်။ 

Source:MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013