Home
နိုင်ငံတကာ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ယူကရိန်းတီးဝိုင်းနှင့်အတူ ဂီတာတီးခတ်သီဆို ဖျော်ဖြေ
DVB
·
May 15, 2024
BlinKen_15052024

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ခရီးစဉ်အတွင်း မေ ၁၄ ရက်က ဒေသခံတီးဝိုင်းနဲ့အတူ နီးလ်ယန်းရဲ့ “Rockin' in the Free World” သီချင်းကို ဂီတာနဲ့ တီးခတ်သီဆို ဖျော်ဖြေခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်က ဘားဒစ်ခ်တတ်မှာ ဂီတပညာရှင်အဖြစ် ရှားရှားပါးပါး ဖျော်ဖြေရာမှာ ဘလင်ကန်က ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ခံချက်ကို ထပ်လောင်း  အတည်ပြုခဲ့ပါတယ်။

“အမေရိကန်က ခင်ဗျားတို့နဲ့အတူ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ သိဖို့လိုတယ်။ ခင်ဗျားတို့နဲ့အတူ ကမ္ဘာ့နိုင်ငံ အများအပြားလည်း ရှိနေတယ်။ ခင်ဗျားတို့က ယူကရိန်း လွတ်လပ်ရေးအတွက်သက်သက် တိုက်နေတာမဟုတ်ဘဲ ကမ္ဘာကြီး လွတ်မြောက်ဖို့အတွက်ပါ တိုက်နေတာပါ” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကနေဒါ-အမေရိကန် ကပြားအဆိုတော် တေးရေးဆရာ နီးလ်ယန်းဟာ ဆိုဗီယက်ပြည်ထောင်စုမှာ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းအပြီး ၁၉၈၉ ခုနှစ်မှာ “Rockin' in the Free World” သီချင်းကို ထုတ်လုပ် ဖြန့်ချိခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024