DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မတ်ပဲအထွက်နှုန်း ကျဆင်းပြီး တောင်သူများ အရှုံးပေါ်
DVB
·
May 15, 2024
ဧရာဝတီတိုင်းတွင် မတ်ပဲအထွက်နှုန်း ကျဆင်းပြီး တောင်သူများ အရှုံးပေါ်
Donate to DVB

ဧရာဝတီတိုင်းမှာ အခုနှစ် မတ်ပဲစိုက်ပျိုးတဲ့ရာသီမှာ အထွက်နှုန်း သိသိသာသာ ကျဆင်းနေလို့ ပဲစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဆောင်းသီးနှံ လက်ရှိပဲတွေ ရိတ်သိမ်းနေတဲ့အချိန် မတ်ပဲစိုက်ခင်း ၁ ဧကကို ၅ တင်း၊ ၆ တင်းသာ ထွက်တော့တာကြောင့် စိုက်ပျိုးကုန်ကျစရိတ် မရတဲ့အပြင် အရှုံးနဲ့ပါ ကြုံနေရတယ်လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံ တောင်သူတယောက်က ပြောပါတယ်။

“ပဲတွေ သိမ်းနေတာ ပြီးတော့မယ်၊ အရင်းရအောင် မနည်းလုပ်နေရတယ်။ မတ်ပဲ တဧကကို စိုက်ပျိုးစရိတ်က ငွေကျပ် ၅ သိန်းနဲ့အထက် သုံးခဲ့ရတယ်။ မတ်ပဲ တဧကကို ပျမ်းမျှ ၁၀ တင်းလောက်ထွက်ရင် အဆင်ပြေသေးတယ်။ အခုက ၅ တင်းထွက်၊ အမြင့်ဆုံး ၆ တင်းအထိပဲ ထွက်တော့တယ်။ အခုရှုံးနေပြီ။ ဒီနှစ်အရှုံး အရမ်းများနေပါတယ်။ ဘယ်လယ်သမားမေးမေး ဒီနှစ် မတ်ပဲအထွက်လျော့တယ်ချည်းပဲ။”

ဧရာဝတီတိုင်းမှာ အခုနှစ် မတ်ပဲစိုက်ခင်းတွေ အများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက် ပျက်စီးတာ၊ အစားထိုးပြန်စိုက်ဖို့ ငွေကြေးမတတ်နိုင်တာ၊ ပဲပင်တွေပေါက်ပြီးမှ အချိန်အခါမဟုတ် မိုးရွာလို့ အပင်တွေသေကုန်တာ၊ စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးတွေကြီးမြင့်လို့ အပြည့်အဝ မသုံးစွဲနိုင်တာကြောင့် မတ်ပဲတွေ ပြန်လည် ရိတ်သိမ်းတဲ့အခါ အထွက်နှုန်းတွေ သိသိသာသာ လျော့ကျနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ ဒေသခံ တောင်သူတယောက်က “ပဲစိုက်လာတဲ့တလျှောက် ဒီနှစ် အတော်လေးရှုံးတယ်။ တဧကကို ၄ သိန်းလောက်ရှုံးပါတယ်။ သုံးနေကျ အပင်အားဆေး၊ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ စံချိန်မီ မသုံးနိုင်တာကြောင့် ပဲအထွက်ကျတာ အဓိကပါတာပေါ့။ စပါးစိုက်တုန်းကလည်း အထွက်ကျဆင်းခဲ့တယ်၊ စပါးဈေးလေး နည်းနည်းမြောက်ခဲ့လို့ ခုသာခံသာရှိခဲ့တာ။ လယ်လုပ်ရတာ အဆင်မပြေတာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆိုပါတော့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နွေစပါးနဲ့ မိုးစပါးအပြင် မတ်ပဲတွေကို ဝါးခယ်မ၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ကျုံပျော်၊ ငပုတော၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ စတဲ့မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် လယ်ယာလုပ်သားနဲ့ လယ်ထွန်စက်၊ ပဲရိတ်ခြွေစက် ငှားရမ်းခ နှုန်းထားတွေလည်း အရင်နှစ်ကထက် ၃ ဆလောက် ထပ်မံမြင့်တက်နေတာကြောင့် တောင်သူတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013