DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပြည်သူ ၂၇ ဦးကို NUG နှင့် PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
May 15, 2024
ဧရာဝတီတိုင်းတွင် ပြည်သူ ၂၇ ဦးကို NUG နှင့် PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တာကြောင့်လို့ စွပ်စွဲပြီး အရပ်သား ၂၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲက အရပ်သား ၂၇ ယောက်ကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ PDF, NUG တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့ တားမြစ်ကန့်သတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာကြောင့် ဆိုပြီး ဖမ်းတာ။ PDF တွေကို ထောက်ပံ့တာကြောင့် ခိုင်လုံတဲ့သတင်းရလို့ ဖမ်းတာဆိုပြီး အရပ်သားတွေကို စွပ်စွဲဖမ်းတာ။ အခုအဖမ်းခံရတဲ့အထဲမှာ မိန်းကလေးတွေလည်း ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်အရွယ် အမျိုးသား ၂၄ ယောက်နဲ့ အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုးသမီး ၃ ယောက်ဖြစ်ပြီး တောင်သူလယ်သမား သားသမီးတွေ အများဆုံးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့သူတယောက်က “ဖမ်းဆီးခံရသူတွေက လူငယ်တွေချည်းပဲ။ မိန်းကလေး ၃ ယောက် ပါတယ်။ မိန်းကလေးတွေရဲ့ မိဘတွေက ပိုစိတ်ပူနေကြတယ်။ စစ်ကောင်စီတပ်ရဲ့ လက်ထဲရောက်ရင် သိတဲ့အတိုင်းပဲလေ။ သူတို့ ဖမ်းသွားတာနဲ့ အသေနဲ့ အကျိုး ဒါမှမဟုတ် အစော်ကားမခံရဖို့ဘဲ ဆုတောင်းနေရတာ၊ ခုခံချေပခွင့်ရဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေကို စစ်တပ်က ဥပဒေနဲ့အညီလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသူတွေလည်းရှိပြီး အမှုဖွင့်မခံရသေးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Credit - Photo Min Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013