DVB Logo
Home
မြန်မာသတင်း
ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် လျော့ကျ
DVB
·
May 15, 2024
ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် လျော့ကျ
Donate to DVB

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမလဖြစ်တဲ့ ဧပြီ တလအတွင်း နယ်စပ်ကနေ ပြည်ပကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော် ရှိပါတယ်။

အဲဒီပမာဏက ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် လျော့နည်းကျဆင်းနေတာကို စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကုန်သွယ်ရေး စာရင်းတွေအရ တွေ့ရပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၇ခု ရှိတဲ့အထဲ ၁၀ ခုမှာ ကုန်သွယ်မှုတွေ လျော့နည်း ကျဆင်းနေတာပါ။

စီးပွား/ကူးသန်းရဲ့ ကုန်သွယ်ရေးစာရင်းတွေအရ ဧပြီလ တလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၂၄ သန်းကျော်၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင် ပြီးခဲ့တဲ့နှစ် ကာလတူအောက် အသီးသီး လျော့ကျနေပါတယ်။

နယ်စပ်ဒေသက တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်နေပြီး ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းတာတွေ ဖြစ်နေတာကြောင့် အခုလက်ရှိမှာတော့ ကုန်သည်တွေအနေနဲ့ ပင်လယ်ရေကြောင်းကို အားပြုပြီး တင်ပို့ဖို့ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

နယ်စပ် ကုန်သည်လုပ်ငန်းရှင်တဦးက “ပုံမှန်သွားတဲ့ လမ်းကြောင်းတွေပိတ်တော့ တခြား ဖွင့်တဲ့လမ်း ရွေးသွားရတာပေါ့။ နောက် ပင်လယ်ရေကြောင်းကို ပိုအားပြုပြီး သွားရတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်းက သွားတာက ရက်ပိုကြာတော့ စရိတ်ပိုကုန်ကျတယ်၊ တဖက်က ပေးတဲ့ ပေါက်ဈေးနဲ့ မကာမိလို့ တချို့လည်း လုပ်ငန်းရပ်နားထားကြတာတွေ ရှိတယ်” လို့ ပြောပါတယ်။

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲတွေကြောင့် ပြည်တွင်းမှာ ကုန်စည်ပြတ်တောက်မှုတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မကြာသေးခင်က ထိုင်း-မြန်မာ နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်လည်း ကုန်သွယ်ရေးလုပ်ငန်းတွေ သီတင်းပတ်များစွာ ရပ်ဆိုင်းသွားခဲ့ရပြီး ပြည်တွင်းမှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်တာ၊ ဈေးနှုန်း အဆမတန် မြင့်တက်တာတွေ ဖြစ်ပေါ်လာပါတယ်။

ရန်ကုန်မြို့က ကုန်စုံဆိုင်ရောင်းချသူတဦးက “ယိုးဒယားက ပစ္စည်းတွေတော့ အဝင်နည်းသွားတယ်။ တချို့ဆိုရင် ဆိုင်မှာ ပစ္စည်းပါ ပြတ်သွားတာ။ ရွေးချယ်စရာ နည်းသွားတော့ ဈေးတွေလည်း တက်လာတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း နယ်စပ်ကုန်သွယ်ရေး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇ ဒသမ ၇၂၄ ဘီလီယံသာ ရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အောက် သန်း ၈၇၀ ကျော် လျော့ကျခဲ့တာ တွေ့ရပါတယ်။

Amara Maung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013