DVB Logo
Home
မြန်မာသတင်း
လူ ၇၀၀ ကျော်ရှိသည့် ဒီးမော့ဆို စစ်ရှောင်စခန်းကို IEC က စားနပ်ရိက္ခာပေးဝေ (ဓာတ်ပုံ)
DVB
·
May 14, 2024
လူ ၇၀၀ ကျော်ရှိသည့် ဒီးမော့ဆို စစ်ရှောင်စခန်းကို IEC က စားနပ်ရိက္ခာပေးဝေ (ဓာတ်ပုံ)
1 / 12
Donate to DVB

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ဒုဌာနမှူး ဦးစီးပြီး ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ရွှေလက်ပံ စစ်ရှောင်စခန်းကို စားနပ်ရိက္ခာတွေ ပေးဝေခဲ့ပါတယ်။

မေ ၁၄ ရက် မနက်ပိုင်းက စတင်ကာ ကညားမော်ဖောင်ဒေးရှင်းနဲ့ IEC တို့ ပူးပေါင်းကာ ဆန်၊ ဆီ၊ ဆားတို့ကို အိမ်ခြေ ၁၇၀ ကျော် လူဦးရေ ၇၁၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းကို မြေပြင် တိုက်ရိုက်သွားရောက် ကူညီပေးခဲ့တာပါ။

စစ်ရှောင်စခန်းတာဝန်ခံက “အိမ်​ခြေက ၁၇၀ ကျော်၊ လူဦးရေက ကိုယ်ဝန်သည်၊ မသန်စွမ်း၊ အဘိုး အဘွား အပါအဝင် ၇၁၀ ကျော်ပါ။ မေလ ၂၁ ရက်နေ့ကတည်းက ဒေါငံခါး၊ ညောင်ကုန်း၊ ဒီးမော့ဆို၊ ဆိုဘောသဲက အဖွဲ့တွေ အဓိကရှောင်နေကြရတာ၊ ၃ နှစ် ပြည့်ခါနီးပြီပေါ့။ IEC ကတော့ အခုမှ မိတ်ဆက်ရင်းနဲ့ အလှည့်ကျလို့ လာကူတာ ဖြစ်တယ်ပေါ့။ အရင်ကတော့ လူမှုကူညီရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ရပါတယ်။ မနှစ်ကတော့ တချို့ ခြံစိုက်တဲ့အဖွဲ့က စိုက်တယ်၊ အဆင်မပြေဘူး။ ဒီနှစ်တော့ မိုးကျရင် ဘယ်လိုလာမယ် မသိသေးဘူး။ အခုလို လာကူညီတဲ့အတွက် တပတ်စာဖြစ်ဖြစ် အဆင်ပြေတာပေါ့။ ဒီမှာ​က ပါလာတာလေးတွေ ရောင်းချပြီး စားသောက်နေကြရတာ” လို့ DVB ကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေ ၂၁ ရက်က စတင်ကာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွားဖြစ်ပွားခဲ့ပြီး ၃ နှစ်ကာလအတွင်းမှာ ဒေသခံပြည်သူ ၃ သိန်းကျော် စစ်ရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013