DVB Logo
Home
မြန်မာသတင်း
ရေဘဝဲအဖွဲ့ဝင်အမျိုးသမီး ၂ ဦး အဆက်အသွယ်မရ၊ မိသားစုဝင်များ ခြိမ်းခြောက်ခံထားရ
DVB
·
May 14, 2024
ရေဘဝဲအဖွဲ့ဝင်အမျိုးသမီး ၂ ဦး အဆက်အသွယ်မရ၊ မိသားစုဝင်များ ခြိမ်းခြောက်ခံထားရ
Donate to DVB

ရန်ကုန်မြို့ပြတော်လှန်ရေး သပိတ်အင်အားစုတွေထဲက တခုဖြစ်တဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ထဲက အမျိုးသမီးရဲဘော် ၂ ဦး အဖမ်းခံလိုက်ရပြီး ၆ ရက်မြောက်ကြာတဲ့အထိ အဆက်အသွယ်မရသေးဘဲ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ ခြိမ်းခြောက်ခံထားရတယ်လို့ ရေဘဝဲအဖွဲ့ထံကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦးကတော့ အသက် ၂၁ ဝန်းကျင်နဲ့ ၂၇ ဝန်းကျင်အရွယ်တွေဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှာကို စိုးရိမ်တယ်လို့ ရေဘဝဲအဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

“အခုအချိန်ထိ သတင်းအစအန မရသလို အုပ်ထိန်းသူတချို့ အပါအဝင် ရဲဘော်နှစ်ဦးရဲ့ အုပ်ထိန်းသူတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေတဲ့ သာမန်ပြည်သူတွေကိုလည်း ခြိမ်းခြောက်ထားပါတယ်ခင်ဗျာ။ သူတို့နှစ်ယောက် ဘယ်မှာရှိတယ်ဆိုတာကို ရန်သူ့ဘက်က အသိမပေးတဲ့အတွက်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အသက်အန္တရာယ် ထိခိုက်မှာကို စိုးရိမ်နေပါတယ်။”

မေ ၉ ရက်က ရေဘဝဲအဖွဲ့ရဲ့ စီမံရေးရာတာဝန်ခံက နေအိမ်အပြန် အင်းစိန်မြို့နယ်မှာ ဖမ်းဆီးခံလိုက်ရပြီး အဲဒီကမှတဆင့် မြေပြင်သပိတ်ရဲဘော် S4 နေထိုင်တဲ့ လှည်းတန်းက အမျိုးသမီးအဆောင်ကို ညသန်းခေါင်ကျော် ၁၂ နာရီကနေ ၁ နာရီကြားမှာ ဧည့်စာရင်း အကြောင်းပြပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်ရဲဘော်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရေဘဝဲအဖွဲ့ ဥက္ကဋ္ဌက “နွေဦးတော်လှန်ရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြကတည်းက တော်လှန်ရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက်တွေနဲ့ လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီခရီးလမ်းမှာ အခန့်မသင့်ရင် ခလုတ်တိုက်တာ၊ ဆူးစူးတာတွေ စတဲ့ ဒီလိုအန္တရာယ်တွေ ကြုံလာနိုင်တာကို ကျနော်တို့ ကြိုတင်တွက်ဆပြီးသား ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ဘယ်လိုပဲ ရက်စက်ယုတ်မာ ဖိနှိပ်ပါစေ၊ ကျနော်တို့အနေနဲ့ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူပြီး အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ပြည်သူလူထုနဲ့အတူ ဆက်လက်ချီတက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ကနေ အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲဘော် စုစုပေါင်း ၁၄ ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013