DVB Logo
Home
မြန်မာသတင်း
ဖားဆောင်း ခလရ ၁၃၅ ကာကင်း စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းယူ
DVB
·
May 13, 2024
ဖားဆောင်း ခလရ ၁၃၅ ကာကင်း စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းယူ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၅ နယ်မြေရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းခန်းကုန်းတခုကို ကရင်နီပူးပေါင်းတပ်တွေက မေ ၁၃ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲမှာ သိမ်းယူခဲ့ပါတယ်။

အဆိုပါ ကာကင်းစခန်းကုန်းကို   ကလလတဗျူဟာ(၁)၊ ၉၄၂၀တပ်ရင်း ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး ကြယ်ဖြူ KNS Army နဲ့ စစ်နည်းဗျူဟာ (၁) လက်အောက်ရှိ ၄၈၇၈ တပ်ရင်း ၊ KA D-1Drone တပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့ အစရှိတဲ့ ပူးပေါင်းတပ်တွေက ဒီမနက် သိမ်းယူခဲ့တာလို့  ကလလတ ဗျူဟာ ၁ က ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းကနေ   စစ်ကောင်စီတပ်သားတွေ  စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပြီး လက်နက်တချို့သိမ်းဆည်းရမိတယ်လို့  ထုတ်ပြန်ထားပါတယ်။

ကရင်နီပူးပေါင်းတပ်တွေဟာ အဆိုပါ စခန်းကုန်းမှာ နေရာယူတပ်စွဲလိုက်ပြီး ဖားဆောင်းမြို့နယ်မှာ ကျန်ရှိနေတဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ဆက်လက်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေပါတယ်။

မေ ၆ ရက်ကလည်း ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဥ်တစီးကို ကရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ – KNPLF) ဗျူဟာ(၁)က ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဉ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးသွားပါတယ်။ 

Photo- KPL Army

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013