DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့တွင်း ကားခ ၃ ဆခန့်မြင့်တက်
DVB
·
May 12, 2024
ပဲခူးမြို့တွင်း ကားခ ၃ ဆခန့်မြင့်တက်
Donate to DVB

ပဲခူးမြို့မှာ မြို့တွင်း ပြေးဆွဲနေတဲ့ ကားခနဲ့ သုံးဘီးဆိုင်ကယ်ခတွေ ၃ ဆလောက်တက်သွားလို့ ဒေသခံတွေ သွားလာရေးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

ပဲခူးမြို့တွင်းမှာ သွားလာရေးအတွက် ဟိုက်ဂျက်နဲ့ သုံးဘီးဆိုင်ကယ်(တုတ်တုတ်‌)တွေကို အဓိကအသုံးပြုတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ ကားခတွေဈေးတက်လာတာဖြစ်ပေမဲ့ အခုတော့ အရင်ထက် ၃ ဆလောက်တက်လာလို့ အလုပ်သွားရတဲ့သူတွေ အဆင်မပြေဖြစ်လာတယ်လို့ နေ့စဉ်အလုပ်သွားနေသူတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ဆီဈေးတွေတက်လို့ ကားခတွေပါ လိုက်တက်တယ်လို့တော့ ပြောတာပဲ။ ပြီးတော့ ဒီလတွေထဲမှာ ဆီဆိုင်တွေကပိတ်ပြီး တန်းစီထည့်ရတော့ ကားခတွေပါ ဈေးတက်လာတာ။ အခု ၁ လမ်းနဲ့ မဂ္ဂတစ်ကိုသွားတာ ၁,၀၀၀ ပေးရတယ်။ ရတဲ့လစာနဲ့ ကားခနဲ့ ဘယ်လို သွားလုပ်ရတော့မလဲ” လို့ ပြောပါတယ်။

အရင်က ပဲခူးမြို့တွင်းမှာ ကားခဈေးနှုန်းက ဘယ်နေရာသွားသွား ကျပ် ၂၀၀ လို့ သတ်မှတ်ထားပေမယ့် အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျပ် ၅၀၀ ကနေ ၁,၅၀၀ အထိ ဖြစ်လာတယ်လို့လည်း ဒေသခံ တယောက်ဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “အရင် ကို‌ဗစ်တုန်းကတောင် ကားခတွေက ပဲခူးမြို့တွင်းဆို ၄၀၀ ပဲရှိတာ။ အရေးအခင်းစဖြစ်တော့ ၅၀၀ ပဲ။ တဖြည်းဖြည်း ၁,၀၀၀ ဖြစ်လာပြီး အဲကနေကို မဆင်းတော့ဘူး။ ရန်ကုန်သွားရင်တောင် ၃,၀၀၀ ပဲ ပေးရတဲ့ဟာကို ကောလိပ်ကနေ ဟင်္သာကုန်းသွားတာကို ၁,၅၀၀ ကနေ ၂,၀၀၀ ထိ တောင်းတာတောင်ရှိတယ်” လို့ပြောပါတယ်။

ပဲခူးမြို့မှာ ဆိုင်ကယ်အသုံးပြုသူများပြားပေမယ့်လည်း စက်သုံးဆီအခက်အခဲကြောင့် လိုင်းကားတွေကို အားကိုးအားထားပြုလာသူတွေရှိသလို တချို့‌ကျေးရွာတွေဘက်ကနေ အလုပ်လာရောက် လုပ်ကိုင်သူတွေ အနေနဲ့လည်း လိုင်းကားနဲ့ပဲ အလုပ်သွားလာရတာကြောင့် သွားလာရေး အခက်အခဲတွေ ကြုံလာ‌နေရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013