DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်း လောင်းကစားဝိုင်းတွင် တရုတ်နိုင်ငံသား ၉ ဦးအပါအဝင် ၄၇ ဦး ဖမ်းမိ
DVB
·
May 12, 2024
မရမ်းကုန်း လောင်းကစားဝိုင်းတွင် တရုတ်နိုင်ငံသား ၉ ဦးအပါအဝင် ၄၇ ဦး ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က PAL Hotel မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို  မေ ၁၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ၉ ဦးနဲ့ မြန်မာနိုင်ငံသား ၃၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ သီရိမွန်အိမ်ရာမက PAL Hotel မှာ နေ့တိုင်း ပြုလုပ်တဲ့ လောင်းကစားဝိုင်း ရဲနဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီရပ်ကွက်မှာနေထိုင်သူတယောက်က “အဲဒီဟိုတယ်မှာ ကာစီနိုလုပ်နေတာ ကြာပြီ။ မရမ်းကုန်းခရိုင်မှာ တာဝန်ကျနေတဲ့ စစ်တပ်က လိုင်းကြေးယူထားတာ။ စစ်တပ်က ကားနဲ့ လာတောင်းတယ်။ ရဲတွေနဲ့ အချင်းချင်းပြဿနာတက်ပြီး မိသွားတာ” လို့ ပြောပါတယ်.

မရမ်းကုန်း PAL Hotel ကာစီနိုလောင်းကစားဝိုင်း မဖမ်းခင်  နယ်မြေခံတပ်မ ၁၊ တပ်ရင်း ၇ က ဒုဗိုလ်မှူးကြီး သိန်းစိုးအောင်နဲ့ မြို့နယ်စီမံအဖွဲ့က ဗိုလ်မှူးဟန်ထွန်းဇော်တို့ မကြာခဏ လာရောက် လိုင်းကြေးတွေ တောင်းယူခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲမှူးကြီး ခင်မောင်ကျော်တို့နဲ့ ဗိုလ်မှူးဟန်ထွန်းဇော် တို့ ပြဿနာဖြစ်ရာကနေ ကာစီနိုဝိုင်းကို ဖမ်းလိုက်တာ။ လိုင်းကြေးကိစ္စ ပြဿနာမတက်ရင် ဖမ်းမှာမဟုတ်ဘူး။ အချင်းချင်း ပြဿနာတက်ပြီး မနက်ငါးနာရီလောက် ဝင်ဖမ်းတာ ရဲတွေက” လို့ ပြောပါတယ်။

အဲဒီကနေ တရုတ်နိုင်ငံသားအမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၄၇ ဦးကို လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီး၊ လောင်းကစားဝိုင်းမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်တလောမှာ ဖမ်းဆီးရမိထားသူတွေကို ဘုရင့်နောင်နယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း လှိုင်သာယာမြို့နယ်မှာ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ကာစီနိုလောင်းကစားဝိုင်းတွေကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013