DVB Logo
Home
နိုင်ငံတကာ
စိန့်ပီတာစဘတ်မြို့၌ ဘတ်စ်ကား ၁ စီး မြစ်ထဲပြုတ်ကျပြီး ခရီးသည် ၃ ဦး သေဆုံး
DVB
·
May 12, 2024
စိန့်ပီတာစဘတ်မြို့၌ ဘတ်စ်ကား ၁ စီး မြစ်ထဲပြုတ်ကျပြီး ခရီးသည် ၃ ဦး သေဆုံး
Donate to DVB

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ မေ ၁၀ ရက် သောကြာနေ့က ဘတ်စ်ကား တစီးဟာ မွိုက်ကာ တံတားကို ဖြတ်သွားချိန်မှာ မထိန်းနိုင်ပဲ မွိုက်ကာမြစ်ထဲ ထိုးကျသွားလို့ ခရီးသည် ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ခရီးသည် ၃ ဦး သေဆုံးပြီး ၆ ဦးက  ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ အရေးပေါ်ဝန်ကြီးဌာနမှ ဒေသန္တရဌာနက ပြောပါတယ်။

၆ ဦးထဲမှာ ၄ ဦးက သတိလစ်နေပြီး ကျန် ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။

စုစုပေါင်း လူ ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည်အားလုံးကို စာရင်းကောက်ယူထားကြောင်း သိရပါတယ်။

ဘတ်စ်ကားဟာ ခရီးသည် အယောက် ၂၀ လောက်ကို တင်ဆောင်လာတာဖြစ်ပြီး CCTV ထဲမှာ ဘတ်စ်ကားဟာ ထောင့်ချိုးတခုကို ကွေ့လိုက်ပြီး တံတားပေါ်မှာ မော်တော်ယာဉ်တစီးကိုလည်း ဝင်တိုက်ခဲ့ပြီးနောက်မှာ တံတားလက်ရန်းတွေကို ဆက်လက်ဖြတ်ကျော်တိုက်သွားကာ မြစ်ထဲ ထိုးကျသွားတာကို မြင်တွေ့ရပါတယ်။

ဘတ်စ်ကားဟာ မြို့တော်ရဲ့ သမိုင်းဝင် အချက်အချာကျတဲ့ တံတားအနီးမှာ လုံးဝနီးပါးနစ်မြုပ်သွားတာဖြစ်ပြီး အခင်းဖြစ်ရာ နေရာမှာ အရေးပေါ်လုပ်သားတွေ၊ အနီးနားက ကယ်ဆယ်ရေးလှေတွေနဲ့ လူနာတင်ယာဉ်တွေ ရောက်ရှိနေကြပြီးတော့ ကယ်ဆယ်ရေးသမားတွေဟာ ကရိန်းကို သုံးပြီး ဘတ်စ်ကားကို မြစ်ထဲကနေ ဆွဲတင်ခဲ့ပါတယ်။

ယာဉ်မောင်းကို ဖမ်းဆီးထားပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ပြီးဆုံးသွားကြောင်းလည်း သိရပါတယ်။ 

Source/Photo - REUTERS/Anton Vaganov

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013