ဆဲလ်တစ် ပရိသတ် လိုက်ပါလာသည့် ဘတ်စ်ကား မီးလောင်
DVB
·
September 21, 2026

စကော့တလန်ကလပ် ဆဲလ်တစ်အသင်း ပရိသတ်တွေ အိမ်ပြန်လမ်းမှာ စီးနင်းလာတဲ့ ဘတ်စ်ကားတစီး မီးလောင်ခဲ့ပါတယ်။
ကားရဲ့နောက်ပိုင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကားပေါ်ပါလာတဲ့ ပရိသတ်တွေကို လမ်းဘေးကို အမြန်ဆုံး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ ဂလတ်စဂိုမြို့ အီးမရိတ်အာရီနာ ကွင်းအနီး A728 လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှု ပြင်းထန်လာချိန်မှာ အရေးပေါ် ကူညီရေးအဖွဲ့တွေ ရောက်ရှိလာခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း ဘေးကင်းအောင် အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။











