DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လမ်းဆုံမီးပွိုင့်များ ပျက်နေသဖြင့် ယာဉ်မောင်းများ အခက်ကြုံ 
DVB
·
May 12, 2024
ရန်ကုန်တွင် လမ်းဆုံမီးပွိုင့်များ ပျက်နေသဖြင့် ယာဉ်မောင်းများ အခက်ကြုံ 
Donate to DVB

ရန်ကုန်မြို့မှာ အခုနှစ် ဧပြီလဆန်းပိုင်းလောက်ကစလို့ လျှပ်စစ်မီးပြတ်တောက်ချိန် များလာပြီး လမ်းဆုံမီးပွိုင့်တွေမှာ အချက်ပြစနစ်တွေ အလုပ် မလုပ်တော့တာကြောင့် အခက်ခဲတွေနဲ့ ကြုံရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မီးပွိုင့်ပျက်နေချိန် ဖြတ်ဖို့ကြိုးစားရင်း ယာဉ်တိုက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

တက္ကစီယာဉ်မောင်းတယောက်က “မီးပွိုင့်တွေပျက်တော့ မနည်းတိုးမောင်းနေရတယ်။ မီးပြတ်တော့ မီးပွိုင့်တွေက ပျက်တာပေါ့။ မီးပျက်တဲ့အချိန် မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲတွေ ရှိနေရင် ပြည်သူတွေအတွက် အန္တရာယ်ပိုကင်းနိုင်မယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့က အသွားအလာများပြားတဲ့ မီးပွိုင့်တွေမှာ ဆိုလာစနစ် ဦးစားပေးတပ်ဆင်ဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက မေ ၃ ရက်နေ့မှာ ပြုလုပ်​ခဲ့တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီနဲ့ ဆပ်ကော်မတီ ၄ ခု ရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

လက်ရှိမှာတော့ မီးပွိုင့်တွေအလုပ် မလုပ်လို့ တာမွေနဲ့ ရန်ကင်းဘက်ခြမ်းက လမ်းဆုံ မီးပွိုင့်တွေမှာ အရင်နေ့တွေထက် ယာဉ်ကြောပိတ်ဆို့နေတယ်လို့ အငှားတက္ကစီယာဉ်မောင်းတွေဆီက သိရပါတယ်။

တက္ကစီသမားတယောက်က “အရင်နေ့တွေထက်စာရင် ပိုပိတ်တယ်။ မီးပွိုင့်ကောင်းနေရင် ၃ မိနစ်လောက်ပဲ စောင့်ရတယ်။ အခုက ၁၀ မိနစ်လောက် စောင့်ရတယ်။ ပိုပိတ်သွားတာပေါ့။ အရင်တုန်းက ရဲတွေနဲ့ လည်ပတ်နေတော့ အဆင်ပြေတယ်။ အခုကတော့ အုံနာကြေး ပေးဖို့တောင် ခက်တယ်” လို့ ပြောပါတယ်။

အရင် အန်အယ်လ်ဒီအစိုးရလက်ထက်က ရန်ကုန်မြို့က မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲတွေ စောင့်ကြပ်ပေးခဲ့ပြီး အခု စစ်ကောင်စီလက်ထက်မှာတော့ ယာဉ်ထိန်းရဲတွေဟာလည်း စစ်တပ်နဲ့ပေါင်းပြီး မော်တော်ယာဉ်တွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ ပိုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013