DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် Mask မတပ်ရန်၊ လွယ်အိတ်မလွယ်ရန် စစ်ကောင်စီတားမြစ်
DVB
·
May 11, 2024
မကွေးတိုင်းတွင် Mask မတပ်ရန်၊ လွယ်အိတ်မလွယ်ရန် စစ်ကောင်စီတားမြစ်
Donate to DVB

မကွေးတိုင်းအတွင်း မကွေး၊ အောင်လံ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့နယ်တို့မှာ ပြည်သူတွေအနေနဲ့ Mask မတပ်ဖို့နဲ့ လွယ်အိတ် မလွယ်ကြဖို့ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်

မေ ၈ ရက်နေ့က စတင်ပြီး အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ရဲတွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက မြို့နယ်အတွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံ ကြေညာအသိပေးခဲ့တာလို့ ဆိုပါတယ်

အောင်လံမြို့နယ် ဒေသခံတယောက်က “မနေ့က ညနေပိုင်းက လိုက်အော်နေတာ။ သူတို့အော်တာတွေ နားမလည်လို့ လူငယ်တွေကို ပြန်မေးရတယ်။ ရာသီဥတုကပူတာရယ် ရောဂါတွေကလည်း ပျောက်တာလား မပျောက်တာလား မသိရသေးဘူး။ လွယ်အိတ်က ဒီဘက်မှာ ရိုးရာလို့ဖြစ်နေတာ။ အမျိုးသားတွေရော အမျိုးသမီးတွေပါ သုံးကြတာလေ” လို့ ပြောပါတယ်။

Mask နဲ့ လွယ်အိတ် အသုံးပြုသူတွေကို တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ သိရပြီး ဘယ်လို အရေးယူပြစ်ဒဏ်ပေးမယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

မကွေးမြို့ခံတယောက်ကလည်း “၉ ရက်နေ့က အသံချဲ့စက်နဲ့ လိုက်အော်နေတာ။ သရုပ်ပြတွေလည်း လုပ်ပြတယ်။ လွယ်အိတ်ကို သိုင်းလွယ်တဲ့ပုံစံမျိုး မလုပ်ရဘူးပေါ့ဗျာ။ ချည်ထိုးလွယ်အိတ်မဟုတ်ဘဲ လည်သာလွယ်အိတ်မျိုးကို ဘေးတစောင်း လွယ်ရင်တော့ရတယ်။ ပြောသွားတာတော့ အများကြီးဗျ။ လွယ်အိတ်လွယ်ပြီး မတ်စ် မတပ်ရဘူး။ မတ်စ်တပ်ပြီး လွယ်အိတ်မလွယ်ရဘူး၊ ဆိုတာတွေရောပဲ” လို့ ပြောပါတယ်။

Mask တပ်ထားပြီး လွယ်အိတ်အတွင်း လက်နက်ပစ္စည်းတွေယူဆောင်ပြီး အများပြည်သူ၊ ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ယူထားသူတွေကို သတ်ဖြတ်တဲ့အတွက် ဒေသန္တရဥပဒေ ထုတ်ပြန်ခဲ့တာလို့ ‌ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြီးချိန်ကစလို့ ပြည်သူတွေကို စစ်မှုထမ်းဖို့ စည်းရုံးသူတွေနဲ့ စီစဉ်ဆောင်ရွက်သူတွေ လုပ်ကြံခံရပြီး သေဆုံးတာတွေ ရှိနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013