DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက အမေရိကန်လက်နက် သုံးပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်ဟု သုံးသပ်
DVB
·
May 11, 2024
အစ္စရေးက အမေရိကန်လက်နက် သုံးပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်ဟု သုံးသပ်
Donate to DVB

ဂါဇာစစ်ပွဲအတွင်း အချို့သောဖြစ်စဉ်တွေမှာ အစ္စရေးဟာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေကိုချိုးဖောက်တဲ့ပုံစံနဲ့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို သုံးစွဲခဲ့ဖွယ် ရှိတယ်လို့ ယူအက်စ်က ထုတ်ပြန်လိုက်ပါတယ်။ 

အစ္စရေးက လိုက်နာရမဲ့ ဝတ္တရားတွေနဲ့ မကိုက်ညီဘဲ အမေရိကန်ပံ့ပိုထားတဲ့လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ “ကျိုးကြောင်းဆီလျော်စွာအကဲဖြတ်နိုင်တယ်” လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီအကဲဖြတ်မှုအတွက် ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တော့ ရရှိမထားဘူးလို့ ဖြည့်စွက်ပြောပါတယ်။ 

နိုင်ငံခြားရေးဌာန အစီရင်ခံစာကို တင်ပြဖို့ နှောင့်နှေးနေခဲ့ပြီး မေ ၁၀ ရက်ကမှ ကွန်ဂရက် လွှတ်တော်ကို တင်ပြလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်စကတည်းက အမေရိကန်ထောက်ပံ့ထားတဲ့ လက်နက်တွေသုံးပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး သုံးသပ်ပေးဖို့ နိုင်ငံခြားရေးဌာနကို အိမ်ဖြူတော်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ 

ဒီအစီရင်ခံစာဟာ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကို ပွင့်ပွင့်လင်းလင်းဝေဖန်လိုက်တာဖြစ်ပေမဲ့ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) ဟာအပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တယ်လို့ အခိုင်အမာ မပြောထားတာပဲရှိပါတယ်။ 

ဒါပေမဲ့ အမေရိကန်လက်နက်တွေကို တရားဝင်တဲ့ နည်းနဲ့ပဲ သုံးပါ့မယ်လို့ အစ္စရေးက အာမခံ ပေးထားမှုဟာ စိတ်ချယုံကြည်ရနိုင်တာကြောင့် လက်နက်တွေ ဆက်ပံ့ပိုးသွားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဟားမတ်စ်အဖွဲ့ဟာ အရပ်ဘက် အခြေခံအဆာက်အအုံတွေကို စစ်ရေးရည်ရွယ်ချက်အတွက် သုံးပြီး အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုတာကြောင့် စစ်မြေပြင်မှာ တရားဝင် ပစ်မှတ်ကို အတည်ပြုရတာ ခက်ခဲတယ်လို့လည်း သုံးသပ်ပါတယ်။ 

ဒါပေမဲ့ အမေရိကန်ထုတ်လက်နက်တွေကို အရမ်းမှီခိုရတာကြောင့် လူသားချင်းစာနာမှု ဥပဒေနဲ့ မညီညွတ်ဘဲ သုံးစွဲမိတာ၊ အရပ်သားထိခိုက်မှု လျော့ပါးစေရေး လုပ်ဆောင်ရမဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့ မကိုက်ညီတာတွေလည်းရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013