DVB Logo
Home
မြန်မာသတင်း
ဧလာ လေတပ်စခန်း တိုက်ခိုက်ခံရမှု ဂျက်ဖိုက်တာ ၂ စီးပျက်စီးပြီး စစ်သား ၁၀ ဦးသေဆုံး
DVB
·
May 10, 2024
ဧလာ လေတပ်စခန်း တိုက်ခိုက်ခံရမှု ဂျက်ဖိုက်တာ ၂ စီးပျက်စီးပြီး စစ်သား ၁၀ ဦးသေဆုံး
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်က တောင်ငူ ဧလာ လေတပ်စခန်းကို ဒီနေ့ မေ ၁၀ ရက်၊ မနက် ၄ နာရီလောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂျက်ဖိုက်တာ ၂ စီး ပျက်စီးကာ အရာရှိအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ကနေ သိရပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတဦးက “K-8 Hangar ၁ လုံး မီးလောင်ပျက်စီးပြီး အဆောက်အဦ ပြိုကျတာကြောင့် ဂျက်ဖိုက်တာတစင်းက အတောင်ကျိုးတယ်၊ နောက်တစင်းက အမြီးပိုင်းကျိုးသွား​တယ်လို့ တပ်တွင်းသတင်းတွေဆီကနေ သိရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သား အရာရှိ ၂ ဦး၊ စစ်သည် ၈ ဦး သေဆုံးပြီး အရာရှိ ၃ ဦး၊ တခြားစစ်သည် ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တောင်ငူ ဧလာ လေတပ်စခန်း တိုက်ခိုက်ခံရလို့ ပျက်စီး၊ သေဆုံး၊ ဒဏ်ရာရမှုတွေအပေါ် စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့မှ ရဲဘော်တဦးက “အဲဒီစစ်ဆင်ရေးအတွက် ၁ လကျော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ရတယ်။ ပစ်ခတ်ပြင်ဆင်နေချိန်မှာလည်း မိုးရွာနေတာကြောင့် ခက်ခက်ခဲခဲ ပစ်ခဲ့ရ​တယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013