DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် ကလေးငယ်များ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ဟု HRW အစီရင်ခံ
DVB
·
May 10, 2024
ဆူဒန်တွင် ကလေးငယ်များ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ဟု HRW အစီရင်ခံ
Donate to DVB

တနှစ်ကျော်ကြာပြီဖြစ်တဲ့ ဆူဒန်ပြည်တွင်းစစ်အတွင်းမှာ အဆိုးရွားဆုံး ရက်စက်မှုတွေထဲက တခုလို့ဆိုရမယ့် လူမျိုးတုံးသတ်ဖြစ်မှုဖြစ်စဉ်တရပ် ဒါဖောဒေသအနောက်ပိုင်း၊ အယ်ဂန်နီယာနာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဖော်ပြပါတယ်။

မြို့ထဲက မာဆာလစ်တိုင်းရင်းသားတွေနဲ့ အာရပ်မဟုတ်တဲ့ အသိုက်အဝန်းတွေအပေါ် RSF ပြည်သူ့စစ်အဖွဲ့နဲ့ မဟာမိတ် အာရပ်အဖွဲ့တွေက လူမျိုးရေးအရ ရှင်းလင်းတာ၊ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆူဒန်မှာ အာဏာသိမ်းပြီးတဲ့နောက် ဆူဒန်စစ်တပ်ခေါင်းဆောင်နဲ့ RSF ပြည်သူ့စစ်ခေါင်းဆောင်တို့ အာဏာလုရာကနေ ပြည်တွင်းစစ် ထပ်ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က အယ်ဂန်နီယာနာမြို့မှာ လူ ၁,၅၀၀၀ လောက် သတ်ဖြတ်ခံရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန် ၁၅ ရက်မှာ RSF နဲ့ မဟာမိတ်တပ်တွေက ထွက်ပြေးလာတဲ့ အရပ်သားယာဉ်တန်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ကလေးတွေကို မိဘတွေဆီကနေ ဆွဲခေါ်ပြီးတော့ စုပုံထားပြီး ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ အလောင်းတွေကို မြစ်ထဲပစ်ချခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး HRW က ဖော်ပြပါတယ်။ အဲဒီဖြစ်စဉ်တခုတည်းတင် ကလေး ၁၂ ယောက်၊ လူကြီး ၅ ယောက် သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013