DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင် မြန်မာသံဃာ ၄ ပါး ဖမ်းဆီးလူဝတ်လဲခံရ 
DVB
·
May 10, 2024
ရနောင်းတွင် တရားမဝင် မြန်မာသံဃာ ၄ ပါး ဖမ်းဆီးလူဝတ်လဲခံရ 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့မှာ တရားမဝင် ဝင်ရောက်တည်းခိုနေထိုင်တဲ့ မြန်မာသံဃာ ၄ ပါး ဖမ်းဆီး လူဝတ်လဲခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းမြို့၊ ဘန်ရင်းအုပ်စု၊ ဆဖန်းပလာ၊ ဖရူမ်းအားရွန်းကျောင်းတိုက်မှာ မသင်္ကာဖွယ် သံဃာတွေ လာရောက်တည်းခိုနေကြောင်း တိုင်ကြားချက်ရတဲ့အတွက် ရနောင်းခရိုင် လဝကရဲ တပ်ဖွဲ့၊ မြို့နယ်သံဃမဟာနာယကအဖွဲ့နဲ့  အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ အဆိုပါ ကျောင်းတိုက်ကို ပြီးခဲ့တဲ့ မေ ၈ ရက်က သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ  ကျောင်းတိုက်မှာ သံဃာ ၁၃ ပါးသီတင်းသုံးနေပြီး အဲဒီထဲမှာ ထိုင်းသံဃာ ၆ ပါး၊ မြန်မာသံဃာ ၇ ပါး ပါဝင်ကာ ၄ ပါးက နေထိုင်ခွင့် အထောက်အထား တစုံတရာမရှိတဲ့အတွက် ဥပဒေအရအရေးယူဖို့ လူဝတ်လဲလိုက်တယ်လို့ ဆိုပါတယ်။

လူဝတ်လဲခံရသူ ၄ ဦးကတော့ ဦးအောင်သူ (၅၃ နှစ်)၊ ဦးကိုနိုင် (၄၀ နှစ်) ၊ ဦးကိုလှိုင် (၆၀ နှစ်) နဲ့ ဦးကျော်ရဲ  (၂၁ နှစ်) တို့ ဖြစ်ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source/photo:  God Reporter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013