DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသမ္မတကို လုပ်ကြံရန်ကြိုးပမ်းမှု ပေါ်ပေါက်ပြီးနောက် အမျိုးသားအစောင့်တပ်ဖွဲ့ အကြီးအကဲအား ထုတ်ပယ်
DVB
·
May 10, 2024
ယူကရိန်းသမ္မတကို လုပ်ကြံရန်ကြိုးပမ်းမှု ပေါ်ပေါက်ပြီးနောက် အမျိုးသားအစောင့်တပ်ဖွဲ့ အကြီးအကဲအား ထုတ်ပယ်
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် ၂ ဦးက လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ အဆိုပါအဖွဲ့ရဲ့ အကြီးအကဲကိုပါ ရာထူးက ဖယ်ရှားလိုက်ပါတယ်။

အမျိုးသားအစောင့်တပ်ဆိုတာ ရဲတပ်ဖွဲ့တမျိုးဖြစ်ပြီး ပြည်ထဲရေးဌာနလက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပါတယ်။

အမျိုးသားအစောင့်တပ်ဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ဦးဟာ ဇလန်းစကီးနဲ့ တခြား ထိပ်တန်းတာဝန်ရှိသူတွေကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) က စွပ်စွဲခဲ့ပါတယ်။

ဒီလုပ်ကြံမှုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နောက်ထပ် ၆ နှစ်သက်တမ်း ကျမ်းကျိန်ပွဲအတွက် လက်ဆောင်အဖြစ် ရည်ရွယ်ခဲ့တယ်လို့လည်း SBU က ထုတ်ပြန်ပါတယ်။

ဒီပုဂ္ဂိုလ် ၂ ဦးကို ရုရှားထောက်လှမ်းရေး (FSB) က စုဆောင်းခဲ့တာဖြစ်ပြီး လျှို့ဝှက်သတင်းအချက်အလက်တွေ မော်စကိုကို ပေးပို့နေသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားကျူးကျော်လာချိန်မှာ တိမ်းရှောင်ဖို့ အခွင့်အရေးကို ပယ်ချခဲ့ပြီး အညံ့မခံဘဲ တွန်းလှန်ဖို့လမ်းကို ရွေးခဲ့တဲ့ ယူကရိန်းသမ္မတဟာ စစ်ပွဲမှာ အဓိကအကျဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013