DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်မည့်ဘေး  ရုရှားသမ္မတပူတင် သတိပေး
DVB
·
May 10, 2024
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်မည့်ဘေး  ရုရှားသမ္မတပူတင် သတိပေး
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်မယ့်ဘေးကို အနောက်နိုင်ငံတွေက စွန့်စားနေတယ်လို့ ရုရှသမ္မတ ဗလာဒီမာပူတင်က မေ ၉ ရက်မှာ ပြောဆို သတိပေးလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်နိုင်ငံ ရုရှားကို ခြိမ်းခြောက်ဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပူတင်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေကို ဆိုဗီယက်ပြည်ထောင်စုက အောင်ပွဲခံတဲ့ အထိမ်းအမှတ်စစ်ရေးပြပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက ထိုးစစ်ဆင်နေချိန်မှာ ပူတင်က ရန်လိုတဲ့ အနောက်ရေပေါ်ဆီတွေဟာ နာဇီဂျာမန်တွေကို နှိမ်နင်းခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍကို မေ့နေကြတယ်လို့လည်း ပြောပါတယ်။

အနောက်နိုင်ငံတွေဟာ ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ မီးလောင်ရာ လေပင့်နေတယ်လို့လည်း ပူတင်က စွပ်စွဲပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကိုဟန့်တားဖို့ ရုရှားက အကုန်လုပ်မှာလို့ပူတင်က နှင်းမုန်တိုင်းအတွင်း စီတန်းနေတဲ့ စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးက စစ်ဆေးအပြီး ရင်ပြင်နီမှာ ပြောပါတယ်။

“ကျနော်တို့ရဲ့ ဗျူဟာမြောက်စစ်တပ်တွေက အမြဲတမ်းတိုက်ဖို့ အသင့် အနေအထားမှာ ရှိနေတယ်”လို့ ပူတင်က ပြောပါတယ်။

ရုရှားဟာ လောလောဆယ်မှာ ခရိုင်းမီးယားနဲ့ ယူကရိန်း အရှေ့ပိုင်းက ဒေသလေးခုရဲ့ အစိတ်အပိုင်းတွေ အပါအဝင် ယူကရိန်းနိုင်ငံ နယ်မြေစုစုပေါင်းရဲ့  ၁၈ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်အတွင်း ယူကရိန်းနိုင်ငံထဲက လူသန်းချီ အပါအဝင် လူ ၂၇ သန်းကို ဆုံးရှုံးခဲ့တာပါ။

ဒါပေမဲ့ ၁၉၄၅ မှာ ဟစ်တလာ သူ့ကိုယ်သူ သတ်သေအပြီး နာဇီတပ်တွေကို ဘာလင်မြို့တော်ဆီ ပြန်ဆုတ်သွားအောင် တွန်းလှန်နိုင်ခဲ့ကာ ဆိုဗီယက်တပ်နီတော်ရဲ့ အောင်ပွဲခံအလံကို ဘာလင်မြို့တော်က ဟိုက်ခ်စတဒ် လွှတ်တော် အဆောက်အဦပေါ်မှာ လွှင့်တင် နိုင်ခဲ့ပါတယ်။  

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013