DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာများကို ဇီဝမှတ်တမ်းအချက်အလက် ကောက်ယူမည်
DVB
·
May 9, 2024
ထိုင်းရောက်မြန်မာများကို ဇီဝမှတ်တမ်းအချက်အလက် ကောက်ယူမည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို မျက်လုံးနဲ့ မျက်နှာ ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူစုဆောင်းသွားဖို့ ထိုင်းအစိုးရက လုပ်ဆောင်နေတယ်လို့ Biometric Update သတင်းဝက်ဆိုက်မှာ ဖော်ပြပါတယ်။

ဒါဟာ ကျန်းမာရေးဝန်ဆောင်မှုတွေ လွယ်ကူချောမွေ့စေဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ထိုင်း အစိုးရက ပြောပေမဲ့ နိုင်ငံရေးနဲ့ လုပ်ပိုင်ခွင့်အာဏာ ၂ မျိုးလုံး ရောယှက်နေတဲ့ ခုလိုအခြေအနေမှာ ဒီလိုလုပ်ဆောင်တာက လူ့အခွင့်အရေးနဲ့ ကိုယ်ရေးလုံခြုံမှုတွေကို ခြိမ်းခြောက်လာနိုင်တဲ့ အလားအလာရှိနေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။

RFA သတင်းဌာနရဲ့ သတင်းတပုဒ်အရ ဒီအစီအစဉ်မှာ မြန်မာနိုင်ငံသား ၁၀၀၀၀ လောက်ရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူပြီးဖြစ်တယ်လို့ သိရပြီးတော့ ဒါကို ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ဦးဆောင်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ ယာယီအတွက် ကာကွယ်ဆေး ခွဲဝေချထားမှုနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ကိုင်တွယ်ဖြေရှင်းမှု ရရှိဖို့ဖြစ်ပြီး လူ ၁ သန်းလောက်ရဲ့ မျက်လုံးနဲ့ မျက်နှာ ဇီဝမှတ်တမ်း အချက်အလက်တွေနဲ့ ကိုယ်ရေး အချက်အလက်တွေ ချိတ်ဆက်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူစုဆောင်းမှုတွေကိုတော့ မြန်မာနိုင်ငံသားတွေ အများစုနေထိုင်ရာ ခရိုင်တွေမှာ အကန့်အသတ်နဲ့ လုပ်ဆောင်နေရပေမဲ့ ထိုင်းအစိုးရကတော့ ဒါကို နောက်ထပ် တိုးချဲ့လုပ်ဆောင်ချင်နေတာပါ။

ဒီဇီဝမှတ်တမ်းကောက်ယူတဲ့ လုပ်ဆောင်မှုမှာ တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ ထိုင်းကြက်ခြေနီအဖွဲ့ကတော့ မျက်လုံး၊ ဒါမှမဟုတ် မျက်နှာ ဇီဝဗေဒဆိုင်ရာ အချက်အလက် ကောက်ယူမှုဟာ ဆန္ဒအလျောက်ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

ကယ်ဆယ်ရေးနဲ့ ရပ်ရွာကျန်းမာရေးဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူး ဖိချစ် ဆီရိဝမ်က ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့ ယာယီစခန်းတွေမှာ နေထိုင်ကြတဲ့ စာရွက်စာတမ်း မရှိတဲ့ လူနာတွေ၊ ဒါမှမဟုတ် ရွှေ့ပြောင်းဒုက္ခသည်တွေ၊ အထောက်အထားမဲ့ လူနာတွေကို စတင်စစ်ဆေးပြီးတော့ အက်ပလီကေးရှင်းကတဆင့် ဂဏန်း ၁၃ လုံးပါ အထောက်အထားနံပါတ် ထုတ်ပေးသွားမှာဖြစ်ကာ အဆင်မပြေပါက ငြင်းဆိုနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ထိုင်းရောက်မြန်မာနိုင်ငံသား အများအပြားကတော့ ထိလွယ်ရှလွယ်အုပ်စုတွေထဲမှာ ပါဝင်နေကြပြီး ဥပမာအားဖြင့် နိုင်ငံရေး သဘောထားကွဲလွဲသူတွေ၊ ခိုလှုံခွင့်တောင်းသူတွေ၊ ဒါမှမဟုတ် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ ဇီဝမှတ်တမ်းအချက်အလက်တွေကို ထိုင်းအစိုးရအနေနဲ့ ဘယ်လို ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်တယ်ဆိုတာကို အတိအကျ မသိရဘူး ဖြစ်နေသလို မြန်မာအာဏာပိုင်တွေနဲ့ ဒီအချက်အလက်တွေကို မျှဝေသွားမလားဆိုတဲ့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာပါ။

ထိုင်းကြက်ခြေနီအဖွဲ့ကတော့ သူတို့အနေနဲ့ ဒီကိုယ်ရေးအချက်အလက်တွေကို အီလက်ထရောနစ် စနစ်နဲ့ လူဦးရေမှတ်ပုံတင်တာတွေ လတ်တလော လုပ်ဆောင်နေတဲ့ မြန်မာအာဏာပိုင်တွေနဲ့ မျှဝေပူးပေါင်းဆောင်ရွက်သွားဖို့ မဖြစ်နိုင်ကြောင်းနဲ့ ဒါတွေကို ထိုင်းအစိုးရနဲ့ ပုဂ္ဂလိက အေဂျင်စီတွေကိုလည်း မျှဝေသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ အမှုအခင်းတွေမှာ တရားရုံးက အမိန့်ချပါက အချက်အလက် မျှဝေရမယ်လို့ ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုထားတာကြောင့် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၂၂ ခုနှစ်မှာ တရားဝင် ပြဋ္ဌာန်းထားတဲ့ တခုတည်းသော ကိုယ်ရေးကိုယ်တာ လုံခြုံမှုဥပဒေဟာ လုံလောက်တဲ့ ကာကွယ်မှုပေးဖို့ အားနည်းလွန်းတယ်လို့ ဝေဖန်ထောက်ပြကြတာတွေ များသလို မလုံလောက်ဘူးလို့ အများစုက သဘောတူကြပါတယ်။

ဒါ့အပြင် ဒီလိုတချို့သော ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေကို အစိုးရဆီ ပေးလိုက်ဖို့ ကြောက်ရွံ့စေတဲ့ သမိုင်းဆိုင်ရာ စံနမူနာလည်း ရှိနေပြီး ထိုင်းအစိုးရဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။

Source: biometricupdate.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013