DVB Logo
Home
မြန်မာသတင်း
လင်းလင်း၏ ‘ရောင်နီ’ တော်လှန်ရေးသီချင်း YouTube မှ ဒေါ်လာ ၃၃၀၀ ကျော်ရရှိ
DVB
·
May 9, 2024
လင်းလင်း၏ ‘ရောင်နီ’ တော်လှန်ရေးသီချင်း YouTube မှ ဒေါ်လာ ၃၃၀၀ ကျော်ရရှိ
Donate to DVB

တော်လှန်အနုပညာရှင်တဦးဖြစ်တဲ့ တေးရေး တေးဆို  လင်းလင်းရဲ့  ‘ရောင်နီ’ တော်လှန်ရေး သီချင်းဟာ YouTube ကနေ အမေရိကန်ဒေါ်လာ ၃,၃၀၀ ကျော် ရရှိခဲ့ပြီး ဒီရရှိငွေတွေကို မြေပြင်တော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာ ၂ ခုကို ခွဲဝေပေးပို့သွားမယ်လို့ သိရပါတယ်။

တယောသံတွေ၊ ဗုံသံ၊ ပတ်မတီးသံတွေနဲ့အတူ  စိတ်အားတက်ကြွစရာ တေးသွားစာသားတွေနဲ့ ဒီသီချင်းကတော့ သိပ်မကြာခင်က ကျင်းပခဲ့တဲ့ လင်းလင်းရဲ့ တော်လှန်ရေးရန်ပုံငွေ အွန်လိုင်း တကိုယ်တော်ရှိုးပွဲမှာ သီဆိုထားခဲ့တာပါ။

လတ်တလောမှာတော့ YouTube က ရရှိခဲ့တဲ့ ရန်ပုံငွေနဲ့ပတ်သက်ပြီး အဆိုတော် လင်းလင်းက  “ရောင်းရင်းမိသားစုတွေ ဝိုင်းဝန်း Challenge လုပ်ကြတဲ့ ရောင်နီ သီချင်းကနေ $3373 ဒေါ်လာ ရရှိပါတယ်။ တဝက်ကို ကိုဇေ Zay Yar Tun  မှတဆင့် ‘ချစ်ခြင်းတည်စေ မနောမြေ’ သို့ ပို့ဆောင်မှာ ဖြစ်ပါတယ်။ ကျန်တဝက်ကိုတော့ ထိခိုက်ပြည်သူနဲ့ ရဲဘော်တွေအတွက် မြေပြင်တနေရာမှာ ဆောက်လုပ်နေတဲ့ အဆောက်အဦထဲကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အဆောက်အဦကိုတော့ မြေပြင်ဦးဆောင်သူတွေ ပြမယ့်အချိန် မြင်ရပါမယ်။ ကျန်းမာပါစေ အားလုံး✊” လို့ ပြောထားပါတယ်။

ဒီသီချင်းကို လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်လောက်က YouTube မှာ တင်ခဲ့ရာ လတ်တလောမှာတော့  ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ထိ ရှိနေပြီ ဖြစ်ပါတယ်။

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီသီချင်းကို ကြည့်ရှုသူ ၁ သန်းကျော်ခဲ့ရင် မြောက်ပိုင်း ကချင်ပြည်နယ်အတွက် တော်လှန်တိုက်ပွဲဖော်ဆောင်ဖို့ လုပ်ဆောင်နေတဲ့ “ချစ်ခြင်းတည်စေ မနောမြေ” ကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ Challenge လုပ်ဆောင်နေကြကာ ငွေကျပ် ၁၀ သိန်း၊ ၅ သိန်း၊ ၂ သိန်း စသဖြင့် ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က စတင်ကျင်းပခဲ့တဲ့ အဆိုတော် လင်းလင်းရဲ့ တကိုယ်တော်ရှိုးပွဲကို Delay Live အနေနဲ့ ပြန်လည်ပြသခဲ့ရာမှာတော့ ပရိသတ် ၂၂,၀၀၀ ကျော် လက်မှတ်ဝယ်ယူ ကြည့်ရှုအား ပေးခဲ့ကြပြီး လက်မှတ်တစောင်ကို မြန်မာကျပ်ငွေ ၃၀၀၀၀ သတ်မှတ်ထားကာ နိုင်ငံတကာကလည်း အားပေးနိုင်အောင် သက်ဆိုင်ရာ ငွေကြေးတွေနဲ့ သတ်မှတ်ရောင်းချခဲ့တာပါ။

ဒီရှိုးပွဲမှာ အဆိုတော် လင်းလင်းရဲ့ ဇနီးချစ်သုဝေ၊ ဝါရင့်အဆိုတော် တူးတူး၊ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ ဦးကျော်သက်လင်း (MRTV-CDM) တို့ အပါအဝင် တခြား တေးသံရှင်တွေလည်း ပါဝင်သီဆို ဖျော်ဖြေခဲ့ကြပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၃ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013