DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယား သက်တမ်းရှည် ဝါဒဖြန့်ချိရေးအကြီးအကဲ ဂင်မ်ကီနမ် ကွယ်လွန်
DVB
·
May 8, 2024
မြောက်ကိုရီးယား သက်တမ်းရှည် ဝါဒဖြန့်ချိရေးအကြီးအကဲ ဂင်မ်ကီနမ် ကွယ်လွန်
Donate to DVB

မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်မျိုးဆက် ၃ ဆက်စလုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအရှည်ဆုံး ဝါဒဖြန့်ချိရေးအကြီးအကဲ ဂင်မ်ကီနမ် ကွယ်လွန်သွားပြီလို့ တရားဝင် မီဒီယာက မေလ ၈ ရက်က ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ဒီမနက် ၂ နာရီမှာ ဂင်မ်ကီနမ် ရဲ့ ရုပ်အလောင်း ပြင်ဆင်ထားတဲ့နေရာကို ရောက်ရှိလာခဲ့ပြီး တိုင်းပြည်အပေါ် အဆုံးစွန်အထိ သစ္စာစောင့်သိတဲ့ စစ်မှုထမ်းဟောင်း တော်လှန်ရေးသမားတဦး ဆုံးရှုံးခဲ့ရမှုအတွက် အလွန်တရာ ဝမ်းနည်းပူဆွေးပါကြောင်း ဂုဏ်ပြုဂါရဝစကား ပြောတယ်လို့ မီဒီယာက ထုတ်လွှင့်ပါတယ်။

ဂင်မ်ကီနမ်ဟာ မေလ ၇ ရက်မှာ အသက် ၉၄ နှစ်မှာ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

သူဟာ ၁၉၄၅ ခုနှစ်မှာ မြောက်ကိုရီးယား နိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တဦးရဲ့ သွေးသားမျိုးရိုးကို လက်ဆင့်ကမ်း သယ်ဆောင်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေး တရားဝင်မှုကို ခိုင်မာစေခြင်းဖြင့် ကင်မ်မျိုးဆက် ၃ ဆက်ကို ဆက်ထိန်းထားဖို့ လုပ်ဆောင်ခဲ့တဲ့ သစ္စာစောင့်သိတဲ့ အရာရှိများအဖွဲ့ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ သဘောထား ပျော့ပျောင်းစေတဲ့ ပြုံယမ်းနဲ့ ပြန်လည်ပေါင်းစည်းရေးခေတ်ကို “နေရောင်ခြည်မူဝါဒ”နဲ့ ဖွင့်လှစ်ခဲ့တဲ့ သမ္မတဟောင်း ကင်မ်ဒဲဂျုံ ကွယ်လွန်ပြီးနောက် ၂၀၀၉ ခုနှစ်မှာ ဈာပန ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တောင်ကိုးရီးယားကို သွားရောက်ဖူးတဲ့ မြောက်ကိုရီးယား အရာရှိအနည်းငယ်ထဲမှာ ဂင်မ်ကီနမ် ပါဝင်ခဲ့ပါတယ်။

ဂင်မ်ကီနမ်ဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချိရေးယန္တရားရဲ့ ရှေ့တန်းနေရာကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ အဲဒီဌာနရဲ့  ဒုတိယအကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ အုပ်ချုပ်မှုအတွင်း ၁၉၈၅ ခုနှစ်မှာ ဝါဒဖြန့်ချိရေးဌာနရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်မှာ ရာထူးမှ အနားယူခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ အချက်အလက်တွေအရ သိရပါတယ်။ 

Source/Photo - REUTERS/Jung Yeon-je/Pool/File Photo

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013