DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင် စစ်ဘေးရှောင်များကို စားနပ်ရိက္ခာဝေမျှနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
May 7, 2024
မိုးမောက်တွင် စစ်ဘေးရှောင်များကို စားနပ်ရိက္ခာဝေမျှနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ မေ ၇ ရက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဝေမျှနေတဲ့အချိန် စစ်ကောင်စီလေတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့အနီး ဂွယ်ကထောင် (၁၇မိုင်) ကျေးရွာက RC ဘုရားကျောင်းဝင်းထဲမှာ ဒီနေ့ မနက် ၈ နာရီခွဲလောက်က စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာဝေမျှနေတဲ့အနီးနားကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

မိုးမောက်မြို့ကနေ ဂွယ်ကထောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးက “မနက်က အလှူရှင်တွေက ဆန်တွေ ပေးတယ်ဆိုလို့ ဘုရားကျောင်းဝင်းထဲမှာ လာထုတ်ယူနေကြတာ။ အဲအချိန် လေယာဉ်နဲ့ လာပစ်သွားတယ်။ ဘုရားကျောင်းကုန်း အတက်နားက ငှက်ပျောပင်တွေရှိတဲ့နား လာကျတယ်။ ဘုရားကျောင်းနဲ့ နီးနီးလေး အဲနားမှာ လာပစ်သွားတယ်။ ဆန်တွေ လာယူတဲ့သူတွေလည်း နောက်ဆုံး ဘုရားကျောင်းထဲပဲ ဝင်ပုန်းကြတာ” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မေ ၇ ရက် မနက်မှာပဲ ဂွယ်ကထောင်ကျေးရွာအထက်က ဒါဆိုင်းကျေးရွာ ပတ်ဝန်းကျင်နဲ့ မြို့သစ်ကျေးရွာက ပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂွယ်ကထောင်းကျေးရွာ ပတ်ဝန်းကျင်မှာ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူအများအပြား တိမ်းရှောင်နေထိုင်နေကြပါတယ်။

မိုးမောက်မြို့အထက်ပိုင်းကို တိမ်းရှောင်နေကြတဲ့ ဂွယ်ကထောင်ကျေးရွာက ပြည်သူတွေ အပါအဝင် တောတောင်တွေနဲ့ နီးစပ်ရွာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ လွန်ခဲ့တဲ့ တပတ်ဝန်းကျင်က စတင်ပြီး အခြေခံစားသောက်ကုန် လိုအပ်နေတယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးဆီက သိရပါတယ်။

မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013