DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာကျော်တို့ရဲ့ Met Gala ပွဲတက် အလန်းစား ဖက်ရှင်ပုံရိပ်များ (ဓာတ်ပုံ)
DVB
·
May 7, 2024
ကမ္ဘာကျော်တို့ရဲ့ Met Gala ပွဲတက် အလန်းစား ဖက်ရှင်ပုံရိပ်များ (ဓာတ်ပုံ)
1 / 11
Donate to DVB

ကမ္ဘာကျော် ထိပ်တန်းအနုပညာရှင် နာမည်ကျော်တွေ တက်ရောက်ကြတဲ့ အခုနှစ်ရဲ့ Met Gala ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပနေပါတယ်။

Metropolitan Museum of Art ရဲ့ ရန်ပုံငွေပွဲအနေနဲ့ ဒီပွဲကိုတော့ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပနေတဲ့ ဖက်ရှင်ပွဲဖြစ်ကာ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဝတ်စားပုံတွေ ပြောင်းလဲလာတာကို အဓိက တွေ့မြင်ရတဲ့ ပွဲတပွဲ ဆိုရင်လည်း မမှားပါဘူး။ 

ဒီပွဲကိုတော့ ကမ္ဘာတလွှားက ဖက်ရှင်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဂီတ၊ ပြဇာတ်၊ စီးပွားရေး၊ အားကစား၊ ဆိုရှယ်မီဒီယာနဲ့ နိုင်ငံရေးနယ်ပယ်တွေ အပါအဝင် ပရော်ဖက် ရှင်နယ်နယ်ပယ်အသီးသီးက ခေတ်ပြိုင်လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအရ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို ဖိတ်ကြားလေ့ရှိပြီးတော့ ဝင်ခွင့်လက်မှတ်တစောင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၅ သောင်း ရှိခဲ့ရာကနေ အခု ၂၀၂၄ ခုနှစ်မှာတော့ ဒေါ် လာ ၇၅,၀၀၀ အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

ဒီပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်တိုင်း ထင်ပေါ်ကျော်ကြားသူတိုင်းက သူ့ ထက်ငါ လှပအောင် အပြိုင်အဆိုင် ဝတ်ဆင်လေ့ရှိကြတာမို့ ကမ္ဘာတလွှားက စောင့်ကြည့်လေ့ရှိကြသလို ပွဲတက် အလှဆုံးဝတ်စုံတွေကိုလည်း ဆုတွေ ပေးလေ့ရှိပါတယ်။

အခုနှစ်မှာတော့ “Sleeping Beauties: Reawakening Fashion.” ခေါင်းစဉ်နဲ့ ကျင်းပတာမို့ အနုပညာရှင်တွေဟာ ပြန်လည်နိုးထလာတဲ့ မင်းသမီးလေး ဖက်ရှင်နဲ့ လန်းဆန်းတက်ကြွတဲ့ အလှအပတွေကို တစုတစည်းတည်း တွေ့မြင်ကြရမှာပါ။

၂၀၂၄ ခုနှစ်အတွက် အစီအစဉ်တင်ဆက်သူတွေအနေနဲ့ ဟောလိဝုဒ်နာမည်ကျော် အနု ပညာရှင်တွေ ဖြစ်ကြတဲ့ ဇန်းဒရား၊ ဂျနီဖာ လိုပက်ဇ်၊ ဘက်ဒ်ဘန်နီနဲ့ ခရစ္စ ဟမ်းမ်စ် ဝါသ်တို့က တာဝန်ယူထားကြသလို ဘယ်လိုအနုပညာရှင်တွေ ကျော်ကြားသူတွေက ဘယ်လိုထူးခြားဆန်းပြားတဲ့ ဝတ်စုံတွေနဲ့ တက်ရောက်ခဲ့ကြသလဲဆိုတာ ရှုစားနိုင်မှာ ဖြစ်ပါတယ်။

Source/Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013