DVB Logo
Home
နိုင်ငံတကာ
အက်ဆစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ၁ ဦး ဖက်ရှင်မျက်နှာဖုံးရှင် ဖြစ်လာ
DVB
·
January 24, 2024
အက်ဆစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ၁ ဦး ဖက်ရှင်မျက်နှာဖုံးရှင် ဖြစ်လာ
Donate to DVB

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဘယ်လ်ဂျီယံနိုင်ငံ၊ နပ်ဗဲလ်မြို့ရှိ နေအိမ်မှာ အက်ဆစ်နဲ့ တိုက်ခိုက်ခံရအပြီး အသက်ရှင်ကျန်ရစ်တဲ့ တက်ကြွလှုပ်ရှားသူ ပက်ထရစ်ရှာ လွေဖှုန့်ဟာ အခုတော့ အသိပညာပေး လှုပ်ရှားမှု အသစ်အတွင်း ဖက်ရှင်စာအုပ် မျက်နှာဖုံးရှင် ဖြစ်လာပါတယ်။

ဗြိတိန်ဖက်ရှင် ဓာတ်ပုံဆရာ ရန်ကင်က သူ့အတွက် ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ရည်းစားဟောင်းတဦးရဲ့ ဆိုးဆိုးရွားရွား မတိုက်ခိုက်ခင် ရိုက်ကူးထားတဲ့ သူ့ဓာတ်ပုံတပုံကို ကိုင်ဆောင်ရင်း ဖက်ရှင်စာအုပ်အတွက် ဓာတ်ပုံရိုက်ခံခဲ့တာပါ။

ဖက်ရှင်အမှတ်တံဆိပ်တွေက ထုံးစံအတိုင်း သုံးကြတဲ့ ဓာတ်ပုံကတ်တလောက်လည်းဖြစ်တဲ့ lookbook ထဲမှာ တခြားလူတွေက မတူတဲ့ ကိုယ်ဟန်တွေ သူ့ကို ပြပေးခဲ့ပါတယ်။

“အဲဒါကို ပြောရတာ ကြမ်းတမ်းလိမ့်မယ်၊ ဒါပေမဲ့ ကျမ အရုပ်ဆိုးဆိုးနဲ့ နေထိုင်ဖို့ သင်ယူခဲ့တယ်။ အဲဒါ ကျမပါပဲ” လို့ အသက် ၅၉ နှစ်အရွယ် လွေဖှုန့်က ပြောပါတယ်။

သူဟာ ရန်ကင်နဲ့အတူ ပရဟိတအဖွဲ့ဖြစ်တဲ့ Acid Survivors Trust International (ASTi) က ဇန်နဝါရီ ၂၂ ရက်မှာ စခဲ့တဲ့ အက်ဆစ်သုံး အကြမ်းဖက်မှုရဲ့ ဆိုးကျိုးတွေနဲ့ လုပ်ငန်းခွင်အတွင်း အထူးသဖြင့်  ဖက်ရှင်နဲ့ အထည်အလိပ် လုပ်ငန်းတွေမှာ အဆိပ်သင့် ပစ္စည်းတွေ သုံးစွဲမှုအကြား ပထဝီဝင်ဆက်စပ်မှုနဲ့ တိုက်ခိုက်မှုအကြိမ်ရေအကြောင်း အသိပညာပေး လှုံ့ဆော်မှုအသစ်တရပ်မှာ ပါဝင်ခဲ့ပါတယ်။

ASTi အမှုဆောင်ဒါရိုက်တာ ဂျက်ဖ်ရှားက “ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ အက်ဆစ်သုံး အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရတဲ့ ဧရိယာတွေဟာ ကြီးမားတဲ့ ဖက်ရှင်လုပ်ငန်း အခြေခံရှိတဲ့ နေရာတွေ ဖြစ်ပါတယ်” လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

“Lookbook ဟာ အမျိုးသမီးတွေအပေါ် ယောက်ျားအများစုက လက်နက်အဖြစ် အက်ဆစ်ကို သုံးနေတာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းအားဖြင့် တိုက်ခိုက်တာတွေကို ကာကွယ်ဖို့ ကုမ္ပဏီတွေကို အသိပညာပေး၊ တိုက်တွန်းအားပေးနိုင်ရေး ဒီဇိုင်းထုတ်ထားတဲ့ လှုံ့ဆော်ရေး ကိရိယာတခုပါ” လို့လည်း သူက ဆက်ပြောပါတယ်။

lookbook ရဲ့ ပစ်မှတ်ပရိသတ်ဟာ ဖက်ရှင်လုပ်ငန်းမှာ လုပ်နေတဲ့ အကြီးတန်း အမှုဆောင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီစာအုပ်ထဲမှာ လွေဖှုန့်ရဲ့ ဓာတ်ပုံတွေအပြင် အက်ဆစ်နဲ့တိုက်ခိုက်မှု ဖြစ်ခဲ့ဖူးတဲ့ အထည်အလိပ် လုပ်ငန်းတွေနဲ့ နိုင်ငံတွေကိုပါ အာရုံစိုက်ထားပါတယ်။

ကမ္ဘာတဝန်းမှာ နှစ်စဉ် အက်ဆစ်နဲ့တိုက်ခိုက်မှု အကြိမ်ရေ ၁၀,၀၀၀ ထက်မနည်း ဖြစ်ဖူးတယ်လို့ ရှားက ပြောပေမဲ့ သတင်းပေး တိုင်ကြားတာ နည်းပါးလို့ ပြဿနာကြီးတခုအဖြစ် ရှိနေပါသေးတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013