DVB Logo
Home
နိုင်ငံတကာ
Met Gala ပွဲက ကမ္ဘာကျော်တို့၏ လူပြောအများဆုံး ဖက်ရှင်များ (ဓာတ်ပုံ)
DVB
·
May 5, 2026
Met Gala ပွဲက ကမ္ဘာကျော်တို့၏ လူပြောအများဆုံး ဖက်ရှင်များ (ဓာတ်ပုံ)
1 / 7
Photo:Reuters
Donate to DVB

ကမ္ဘာ့ ဖက်ရှင်လောကရဲ့ အကြီးကျယ်ဆုံးပွဲတော်လို့ တင်စားကြတဲ့ Met Gala ရန်ပုံငွေပွဲကို မက်ထရိုပိုလစ်တန် အနုပညာပြတိုက်ရဲ့ ဝတ်စုံအင်စတီကျုအတွက် မေ ၄ ရက်က ကျင်းပခဲ့ပါတယ်။

ဒီနှစ်ပွဲမှာ "Costume Art" ဆောင်ပုဒ်ကတော့ "ဖက်ရှင်ဟာ အနုပညာဖြစ်တယ်" ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ဝတ်စားဆင်ယင်ကြတာဖြစ်ပါတယ်။ 

ဒီပွဲကို အဆိုတော် ဘီယွန်းစေး ၊ သရုပ်ဆောင် နီကိုးလ်ကစ်မန်း၊ တင်းနစ်ကြယ်ပွင့် ဗီးနပ်စ်ဝီလီယံနဲ့ Vogue မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် အန်နာဝင်းတိုးတို့က ပူးတွဲ ဦးဆောင်ခဲ့တာပါ။ 

ဘီယွန်းစေးဟာ ၁၀ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်လာပြီး အရိုးစုပုံစံ ဂါဝန်နဲ့ ပွဲထွက်လာပါတယ်။

ရီဟားနားနဲ့ အေဆက်ပ်ရော့ကီတို့ စုံတွဲကတော့ ရတနာတွေ စီခြယ်ထားတဲ့ ဝတ်စုံတွေနဲ့ ပွဲအပြီးသတ်ခါနီးမှ ရောက်လာပါတယ်။ 

တင်းနစ်ကြယ်ပွင့် ဆရီနာ ဝီလီယံက ငွေရောင်ဝတ်စုံကို ရွေးချယ်ခဲ့ပြီး ကေတီပယ်ရီကတော့ မျက်နှာဖုံးစွပ် မှန်ဝတ်စုံနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပါတယ်။ 

မက်ဒေါနားဟာ သင်္ဘောပုံစံ ခေါင်းဆောင်းနဲ့ ပွဲတက်လာခဲ့ပြီး ကင်မ်ကာဒါရှီယန် ကတော့ စူပါဟီးရိုးဝတ်စုံကို ရွေးချယ်ခဲ့ပါတယ်။

ကိုရီးယားပေါ့ပ်အဖွဲ့ Blackpink က လီဆာလက်တုတွေပါတဲ့ ဂါဝန်နဲ့ ပွဲတက်လာပြီး  ရိုဇေးကလည်း စိန့်လောရင့်ဝတ်စုံနဲ့ တက်ရောက်ခဲ့ပါတယ်။

အဆိုတော် ဆာဘရီနာကာပန်တာက ရုပ်ရှင်ဖလင်ပြားတွေနဲ့ ဖန်တီးထားတဲ့ ဂါဝန်ကို ဝတ်ဆင်ခဲ့ပါတယ်။

ကိုင်လီဂျန်နာနဲ့ ကန်ဒယ် ဂျန်နာညီအစ်မ ၂ ယောက် ကလည်း အပြင်အဆင်ဆင်တူတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်လာကြပါတယ်။

ဒီနှစ်ပွဲမှာ မော်ဒယ် အာရီယာနာ ရို့စ် ဖိလစ်ဟာ Met Gala သမိုင်းတလျှောက် ဘီးတပ်ကုလားထိုင်နဲ့ ပထမဆုံး တက်ရောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013