DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ (ဓာတ်ပုံ) 
DVB
·
May 6, 2024
ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ (ဓာတ်ပုံ) 
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးမှာ မေ ၄ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဒုတပ်မမှူး အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည် မိသားစုဝင်တွေရဲ့ ရုပ်သံကို  ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ မေ ၆ ရက်မှာထုတ်ပြန်ပါတယ်။

အဲဒီရုပ်သံမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သား ၅၀၀ နဲ့အထက် ရှိနိုင်ပြီး အဲဒီအထဲမှာ မွတ်စလင်တပ်သားတချို့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ဘူးသီးတောင်မြို့ကနေ ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို AA တပ်တွေ မေ ၂ ရက်မှာ အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်မချဘဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု ဖမ်းဆီး ရမိသူတွေဟာ စကခ ၁၅ ကို တလကြာဝိုင်းရံပိတ်ဆို့ပြီး ၁၂ ရက်ကြာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေချိန်မှာ လုံဝမလွတ်မြောက်နိုင်တော့အတွက် လက်နက်ချအညံ့ခံ ခဲ့ကြတာလို့ AA က ပြောထားပါတယ်။

စကခ ၁၅ နဲ့ ဘူးသီးတောင် ဗျူဟာလက်အောက်ခံ တပ်ရင်း ၁၂ ရှိတဲ့အထဲမှာ စကခ ၁၅နဲ့ ခြေမြန်တပ်ရင်း ၄ ခုထက်မနည်းကို AA က သိမ်းပိုက်ရရှိထားပြီး ကျန်တပ်ရင်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စကခ ၃ ခုရှိတဲ့အထဲက စကခ ၉ ကျောက်တော်နဲ့ စခက ၁၅ ဘူးသီးတောင်တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ တပ်စခန်းတိုင်းကို သိမ်းပိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“ဒီအချိန် AA က စစ်ကောင်စီရဲ့ တပ်စခန်းမပြောနဲ့ တပ်မကိုလည်း သိမ်းနိုင်တယ်။ AA ရဲ့ ထိုးစစ်ဗျူဟာတွေက ဗျူမြောက်သလို စစ်ကောင်စီက စိတ်ဓာတ်ရော တိုက်ခိုက်ရေးပါ ပျက်စီးနေတာကြောင့် တိုက်တိုင်းကို အောင်မြင်နိုင်တယ်။” 

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ—

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013