DVB Logo
Home
နိုင်ငံတကာ
ရပ်ထားသည့် စီမံကိန်းများ ပြန်စရန် သီရိလင်္ကာနှင့် ဂျပန် သဘောတူ
DVB
·
May 6, 2024
ရပ်ထားသည့် စီမံကိန်းများ ပြန်စရန် သီရိလင်္ကာနှင့် ဂျပန် သဘောတူ
Donate to DVB

သီရိလင်္ကာနဲ့ ဂျပန်နိုင်ငံတို့ဟာ ဂျပန်က ထောက်ပံ့ထားတဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်တဲ့ အပေါ့စား မီးရထားလမ်း အပါအဝင် နှစ်နိုင်ငံ သဘောတူထားပြီး ရပ်တန့်နေတဲ့ စီမံကိန်းတွေကို ပြန်စဖို့ မေ ၄ ရက်မှာ သဘောတူခဲ့ကြပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါရဲ့ သီရိလင်္ကာနိုင်ငံဆီ ခရီးစဉ်အတွင်း ဒီ သဘောတူညီချက်ကို နှစ်နိုင်ငံကြား ကြေညာခဲ့တာပါ။

သီရိလင်္ကာနိုင်ငံဟာ  ၂၀၂၂ ခုနှစ်မှာ ဆယ်စုနှစ် ၇ ခုကျော်အတွင်း အဆိုးရွားဆုံးသော ဘဏ္ဍာရေး အကျပ်အတည်းကို ကြုံခဲ့ရပြီးတဲ့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ အထောက်အပံ့ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံခြားကြွေးမြီတွေ ပြန်ဆပ်ဖို့ လုပ်ဆောင်နေပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီတွေကို ပြန်စာရင်းပြုစုရာမှာ ကူညီဖို့ ခန့်အပ်ထားတဲ့ တရားဝင်မြီရှင် ကော်မတီနဲ့ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) ကို အစောပိုင်းမှာ လက်မှတ်ထိုးဖို့ ဂျပန်ကမျှော်လင့်တယ်လို့ ကာမိကာဝါက ပြောပါတယ်။

ကြွေးမြီစာရင်း ပြန်ပြုစုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီးတာနဲ့ နှစ်နိုင်ငံ သဘောတူညီချက်ကို အမြန်အတည်ပြုပြီး သီရိလင်္ကာအစိုးရရဲ့ ချေးငွေစီမံကိန်းတွေကို အမြန် ပြန်စခြင်းအားဖြင့် သီရိလင်္ကာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုပံ့ပိုးဖို့ ဂျပန်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေကို တင်ပြခဲ့တယ်လို့ ခါ့မိခါ့ဝါက မြို့တော် ကိုလံဘိုမှာ သတင်းထောက်တွေကို ပြောပါတယ်။

သီရိလင်္ကာ ဟာ အဲဒီအချိန်က သမ္မတလက်ထက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုနီးကပ်နေချိန်မှာ ရထားလမ်းစီမံကိန်းကနေ နုတ်ထွက်ခဲ့တာပါ။ ဂျပန်နိုင်ငံနဲ့ စီမံကိန်းတွေကို ပြန်အသက်သွင်းဖို့ သင့်လျော်တဲ့ အချိန်ဘောင်ကို သမ္မတ ရာနီးလ် ဝစ်ခရီမန်ဆင်းက ဆုံးဖြတ်ဖို့ သီရိလင်္ကာ အစိုးရအဖွဲ့က  ဇူလိုင်လမှာ အတည်ပြုပေးခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ သီရိလင်္ကာမှာ ချေးငွေဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့် ပေးထားပြီး တရုတ်နိုင်ငံပြီးရင် အကြီးဆုံးသော မြီရှင်နိုင်ငံ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။ အိန္ဒိယကတော့ သီရိလင်္ကာရဲ့ တတိယ အဓိကမြီရှင် ဖြစ်ပါတယ်။

Source/Photo - REUTERS/Dinuka Liyanawatte

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013