DVB Logo
Home
နိုင်ငံတကာ
ပေါ့ပ်အဆိုတော် မက်ဒေါနား ဘရာဇီးတွင် အခမဲ့ဖျော်ဖြေ
DVB
·
May 5, 2024
ပေါ့ပ်အဆိုတော် မက်ဒေါနား ဘရာဇီးတွင် အခမဲ့ဖျော်ဖြေ
Donate to DVB

အမေရိကန် ပေါ့ပ် အဆိုတော် မက်ဒေါနာဟာ ဘရာဇီးနိုင်ငံ ကိုပါကာဘာနာ ကမ်းခြေမှာ မေ ၄ ရက်က အခမဲ့ သီဆိုဖျော်ဖြေခဲ့တာကြောင့် ရီယိုဒီဂျနေရိုမြို့က နာမည်ကျော် ကမ်းခြေမှာ လူ ၁၆ သိန်း လောက်ရှိတဲ့ လူအုပ်ကြီး ဖြစ်လာခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် မက်ဒေါနားဟာ သူ့ရဲ့ ကမ္ဘာကျော် သီချင်းတွေ ဖြစ်တဲ့ "Nothing Really Matters", “Like a Prayer" နဲ့ "Vogue" တို့ အပါအဝင် သီချင်းတွေကို ည ၁၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီကြာအောင် သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒီပွဲဟာ ၂၀၂၃ နှောင်းပိုင်းက စတဲ့ သူ့ရဲ့ အကြီးဆုံးကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် “Celebration”ရဲ့ အဆုံးသတ် အမှတ်တရလည်း ဖြစ်ပါတယ်။

ကမ်းခြေမှာ အပူချိန်က ၃၀ ဒီဂရီ စဲလ်စီးယပ်စ်ထိ ပူနေလို့ မီးသတ်သမားတွေက ဖျော်ဖြေပွဲ စင်မြင့်နားမှာ စုရုံးနေတဲ့ လူအုပ်ကို ပွဲမစခင် ရေနဲ့ ဖျန်းခဲ့ပြီး သောက်ရေကိုလည်း အခမဲ့ ဝေပေးခဲ့ပါတယ်။

ရီယိုပြည်နယ်နဲ့ မြို့အစိုးရတွေက ဒီပွဲအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉သန်း သုံးခဲ့ပြီး ကျန်ငွေကိုတော့ ပုဂ္ဂလိကထောက်ပံ့သူတွေက ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီပွဲဟာ ရီယိုမြို့ရဲ့ စီးပွားရေးကို ဘရာဇီးငွေ ရီယိုင်စ် သန်း ၃၀၀ ထိ ရှာပေးခဲ့တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013