DVB Logo
Home
နိုင်ငံတကာ
လန်ဒန်၏ ပထမဆုံးမွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန် ရွေးကောက်ပွဲ ၃ ကြိမ်ဆက်နိုင်
DVB
·
May 5, 2024
လန်ဒန်၏ ပထမဆုံးမွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန် ရွေးကောက်ပွဲ ၃ ကြိမ်ဆက်နိုင်
Donate to DVB

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်ဟာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ သုံးကြိမ်ဆက် အနိုင်ရပြီး သမိုင်းဝင်သွားခဲ့ပြီ ဖြစ်တယ်လို့ မေလ ၄ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။

လန်ဒန်ရဲ့ ပထမဆုံးမွတ်စလင်မြို့တော်ဝန် ဖြစ်တဲ့ ခန်းဟာ ၂၀၁၆ ခုနှစ် မေလမှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့ နောက် ၂၀၂၁ နဲ့ ၂၀၂၄ မှာပါ ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

လေဘာပါတီ ကိုယ်စားလှယ် ခန်းဟာ ကွန်ဆာဗေးတစ်ပါတီက ပြိုင်ဘက် ဆူဆန်ဟောလ်ထက် မဲ အရေအတွက်  ၂ သိန်းခွဲကျော် အသာရခဲ့ပြီး မြို့တော်ဝန်နေရာအတွက် လေဘာပါတီကိုယ်စားလှယ်ကို မဲပေးသူ ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်။

လန်ဒန်မှာ စုစုပေါင်း မဲပေးသူ ၂ ဒသမ ၄ သန်းရှိခဲ့ပြီး မဲလာပေးသူ ၄၂ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့အတွက် ၂၀၂၁ ထက် စာရင် မဲပေးသူလျော့နည်းသွားတာ ဖြစ်ပါတယ်။

ခန်ဟာ လန်ဒန်က မဲဆန္ဒနယ် ၁၄ ခုမှာ ၉ ခုအထိ နိုင်ခဲ့ပြီး တိုရီလို့လည်းခေါ်တဲ့ ကွန်ဆာဗေးတစ်တွေ အသာရလေ့ရှိတဲ့ မဲဆန္ဒနယ် ၂ နယ်မှာပါ နိုင်ခဲ့တာပါ။

မေ ၂ ရက်က ကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံရှိ ကောင်စီနဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအများအပြားမှာ လေဘာပါတီက အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ရီရှီဆူးနက်ရဲ့ ကွန်ဆာဗေးတစ်ပါတီက အထိနာခဲ့ပါတယ်။

စစ်တမ်းတွေအရ လာမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာလည်း လေဘာပါတီ အနိုင်ရနိုင်ပြီး ပါတီခေါင်းဆောင် ကီယာစတာမာ ဟာ ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ် အုပ်စိုးမှုကို အဆုံးသတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Source/Photo - REUTERS/Toby Melville

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013