DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် လေပြင်းတိုက် မိုးသီးကြွေပြီး ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
May 3, 2024
ပလက်ဝတွင် လေပြင်းတိုက် မိုးသီးကြွေပြီး ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
1 / 4
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မိုးသီးကြွေပြီး လေပြင်းတိုက်တဲ့အတွက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ လူနေအိမ် ၁၃ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂ ရက် မနက် ၆ နာရီခွဲက ပလက်ဝမြို့နယ်၊ မောစုန်းကြီးကျေးရွာအုပ်စု ပိုင်ဆိန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တာပါ။

လေပြင်းကြောင့် ပိုင်ဆိန်ကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ လူနေအိမ် ၁၃ လုံးလည်း ပျက်စီးခဲ့ပြီး ရွာထဲက အိမ် ၃၀ နီးပါးလည်း မိုးသီးထိမှန်ကာ အိမ်အမိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝဒေသခံတဦးက “လေမုန်တိုင်းတိုက်တာပေါ့၊ မိုးသီးတွေလည်းကြွေတယ်၊ ဘုရားကျောင်းနဲ့ အိမ် ၁၃ လုံးကတော့ လုံးဝပျက်စီးသွားတာပေါ့။ ရွာက အိမ်ခြေ ၆၀ လောက်ပဲရှိတာလေ။ ကျန်တဲ့အိမ်တွေကတော့ ခေါင်မိုးတွေပေါက်ကုန်တာ။ ပိုင်ဆိန်က တောင်ပေါ်မှာရှိတဲ့ ရွာဆိုတော့ အဲဒီရွာပဲ မိုးသီးကြွေတာ၊ တခြားရွာတွေက လေပဲတိုက်တယ်” လို့ ပြောပါတယ်။

မေ ၁ ရက် ညနေပိုင်းမှာလည်း ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ မီဇိုရမ်ပြည်နယ်၊ ဒပ်ဆွာကျေးရွာမှာ လေပြင်းတိုက်ခတ်တဲ့အတွက် စစ်ဘေးရှောင်တဲတွေနဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်း ပျက်စီးခဲ့လို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပလက်ဝတွင် လေပြင်းတိုက် မိုးသီးကြွေပြီး ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး