DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် အေးသန္တာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း
DVB
·
May 2, 2024
မော်လမြိုင် အေးသန္တာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အေးသန္တာဆေးရုံကို CDM ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေ အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေ ၁ ရက်ကစပြီး စစ်ကောင်စီက ၃ လ ယာယီပိတ်သိမ်းခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်၊ ထားဝယ်စုရပ်ကွက် အခွန်လွတ်ဈေးအရှေ့မှာရှိတဲ့ အေးသန္တာဆေးရုံကို မေ ၁ ရက် ညနေပိုင်းက ကျန်းမာရေး CDM ဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားမှုနဲ့ ပြည်နယ်ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက ၃ လ ပိတ်သိမ်းစာ လာပေးခဲ့ပါတယ်။

ဆေးရုံနဲ့နီးစပ်သူတဦးက “မေ ၁ ရက်နေ့ကစပြီး ဆေးရုံပိတ်ဖို့ လွန်ခဲ့တဲ့တပတ်တည်းက ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက လာအကြောင်းကြားထားတယ်။ ဘယ်သူ CDM ဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး တိုင်လိုက်လည်းတော့ သေချာမသိပါဘူး။ ဆေးရုံက ယာယီ ၃ လပဲ ပိတ်တာပါ” လို့ ပြောပါတယ်။

အေးသန္တဆေးရုံဟာ အထပ် ၄ ထပ်ရှိပြီး အခန်းပေါင်း ၄၀ ခန့်ရှိကာ ဝန်ထမ်းအင်အား ၁၀၀ လောက်နဲ့ လည်ပတ်နေတဲ့ ဆေးရုံဖြစ်ပြီး ခွဲစိတ်ကုသမှုတွေ အပါအဝင် ရောဂါမျိုးစုံကို ကုသပေးနေတဲ့ မော်လမြိုင်ရှိ ပုဂ္ဂလိကဆေးရုံတွေထဲက တခုဖြစ်ပါတယ်။

မော်လမြိုင်ဒေသခံတဦးက “ဆေးရုံပိတ်တဲ့စာကပ်မှ ပိတ်ခံရမှန်းသိတာ။ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီး ပိတ်သွားတယ်။ ဆေးရုံကသူတွေ ဖမ်းတာစီးတာတော့ မကြားပါဘူး။ ဆေးရုံကလည်း တခြားပုံစံနဲ့ လည်ပတ်နေပါတယ်။ တခြားပုဂ္ဂလိကဆေးရုံတွေလည်း စစ်မယ်လို့ကြားတယ်” လို့ ပြောပါတယ်။

အေးသန္တာ ပုဂ္ဂလိကဆေးရုံ ၃ လ ယာယီပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဆေးရုံဘက်က အတည်‌ပြုပေးခဲ့ပေးမဲ့ ဘာကြောင့်ပိတ်လဲ ဆိုတာတော့ မပြောခဲ့ပါဘူး။

မော်လမြိုင်ရှိ ပုဂ္ဂလိကဆေးရုံတွေကို စစ်ကောင်စီခန့် ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ မခန့်ဖို့ဆိုပြီး လာရောက်သတိပေးတာတွေ ရှိနေတယ်လို့ CDM ဆရာမတဦးက ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ CDM ဆရာဝန်တွေ၊ သူနာပြုတွေကို ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပိုင်ရှင်တွေ ဖမ်းဆီးတာ‌တွေနဲ့ ချိပ်ပိတ်တာတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013