DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် မကြုံစဖူး နှင်းကျပြီး သစ်သီးပင်များ ပျက်စီး
DVB
·
May 1, 2024
အာဖဂန်နစ္စတန်တွင် မကြုံစဖူး နှင်းကျပြီး သစ်သီးပင်များ ပျက်စီး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ၊ မိုင်ဒန် ဝါရ်ဒက်ခ်ပြည်နယ်၊ နီးရ်ခ်ခရိုင်မှာ မမျှော်လင့်ဘဲ နှင်းကျပြီး အေးမြတဲ့ ရာသီဥတုကြောင့် သီးပင်စားပင်တွေ ပျက်စီးခဲ့လို့ အဲဒီဒေသမှာနေတဲ့ မိသားစု ၂,၀၀၀ နီးပါးအတွက် ငွေကြေးအများကြီး နစ်နာဆုံးရှုံးခဲ့တယ်လို့ အာဖဂန်ဥယျာဉ်မှူးတွေက ဧပြီ ၃၀ ရက်မှာ ပြောပါတယ်။

တရုတ်ဆီးသီးပင်နဲ့ ပန်းသီးဥယျာဉ် ၂ ခုရှိတဲ့ ဂူလာဂျန်နာက နှင်းကျလို့ သူ့မိသားစုဝင် ၁၅ ဦးစလုံးရဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

ထိခိုက်နစ်နာခဲ့ရတဲ့ လယ်သမားတွေကို အာဖဂန်အာဏာပိုင်တွေက ကူညီပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

အခုနှစ် အခုအချိန်မှာ ဆီးနှင်းတွေကျတာမျိုးကို လုံးဝမကြုံဖူးဘဲ ဒီလိုအဖြစ်အပျက်မျိုးကို သူ့တသက် တခါမှ မတွေ့ဖူးဘူးလို့ ဂူလာဂျန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း နှင်းကျမှုကြောင့် ပန်းသီး၊ တရုတ်ဆီးသီးနဲ့ ချယ်ရီပင် ရာနဲ့ချီပြီး ပျက်စီးသွားခဲ့ကာ ဥယျာဉ်မှူးတွေက ပျက်စီးနေတဲ့ အကိုင်းအခက်အားလုံးကို ခုတ်ထစ်ခဲ့ရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ပန်းသီးနဲ့ တရုတ်ဆီးသီးပင်တွေ ပန်းပွင့်တဲ့ရာသီမှာ နှင်းကျတာဟာ ဒီပြည်နယ်က တောင်သူတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ မိုင်ဒန် ဝါရ်ဒက်ခ် ပြည်နယ်ရဲ့ ပြန်ကြားရေးရုံးက ဧပြီ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013