DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် စာသင်ကျောင်းပရဝဏ်ရှိ ဆိုင်ခန်းများအား ဖယ်ရှားခိုင်း
DVB
·
May 1, 2024
ပုသိမ်မြို့တွင် စာသင်ကျောင်းပရဝဏ်ရှိ ဆိုင်ခန်းများအား ဖယ်ရှားခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စာသင်ကျောင်းတွေရဲ့ ပရဝဏ်ရှိ ဆိုင်ခန်းနေရာတွေကို မေလအတွင်း အပြီးဖယ်ရှားပေးဖို့ ‌သက်ဆိုင်ရာကျောင်းတွေက ဧပြီ ၂၉ ရက်မှာ ဆိုင်ခန်းရှင်တွေထံ အကြောင်းကြားစာပို့ထားကြောင်း သိရပါတယ်။

ပုသိမ်မြို့က ကျောင်းတွေမှာ ဖယ်ရှားခိုင်းတဲ့ဆိုင်ခန်း ၁၀၀ ကျော်ရှိပြီး အထက ၃ မှာ ဆိုင်ခန်း ၈၀ ကျော်၊ အလက ၁ မှာ ဆိုင်ခန်း ၂၀ ကျော်နဲ့ အလက ၂ မှာ ဆိုင်ခန်း ၃၀ နီးပါးကို မေ ၂၆ ရက် ဖျက်ပေးဖို့ တရက်တည်း စာပို့တယ်လို့ ဆိုင်ခန်းရှင်တွေထံက သိရပါတယ်။

ပုသိမ် အထက ၃ မှ ဆိုင်ရှင်တဦးက “မေလထဲ ဆိုင်နေရာဖယ်ပေးဖို့ စာပို့တယ်၊ ကျနော်တို့ ဆိုင်နေရာဖယ်ရင် တခြားနေရာ ပြန်ငှားရမယ်။ အခု ခေတ်ကာလမကောင်းချိန် ပိုဆိုးတာလေ။ ဆိုင်နေရာ ဝယ်ထားရတာဆိုတော့ ပိုဆိုးတာပေါ့။ လုပ်ငန်းရပ်တည်ဖို့ ခက်ခဲနေတာ၊ အခုလိုလုပ်တာ ဒုက္ခရောက်အောင် လုပ်သလိုပဲ” လို့ ပြောပါတယ်။

ပုသိမ်မြို့ရှိ အထက ၃၊ အလက ၁၊ အလက ၂ ကျောင်းပရဝဏ်မှာ အရင်အစိုးရတွေ လက်ထက်က ကျောင်းသက်သာအမည်နဲ့ ဆိုင်ခန်းတွေကို ‌ငှားရမ်းထားခဲ့ကြောင်း ဆိုင်ခန်းရှင်တွေထံက သိရပါတယ်။

အလက ၁ ကျောင်းဝန်းမှ ဆိုင်ရှင်တဦးက “ဖယ်ရှားပေးရမယ့် ဆိုင်ခန်းက အထက ၃‌ မှာဆောက်ထားတဲ့ ဆိုင်ခန်း ပိုများတယ်။ မိသားစုနေအိမ်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တို့ စတိုးဆိုင်တို့ ရှိတယ်။ အလက ၁ ဆိုင်ခန်းတွေ လူနေမရဘူး။ အဲဒီဆိုင်ခန်း ၂၀ ကျော်ရှိတယ်။ သူတို့ သက်သာအမည်နဲ့ ငှားထားတာ။ အရင်အစိုးရလက်ထက် ဆိုင်ခန်းလစာကို ခေတ်ကာလနဲ့အညီ တိုးပေးရတယ်၊ အဆင်ပြေတာပေါ့။ အခု ဖျက်ခိုင်းတာ ဒုက္ခရောက်အောင်လုပ်တာ” လို့ ပြောပါတယ်။

ပညာရေးဌာနအောက်ရှိ ကျောင်းတွေကို မေ ၂၆ ရက်မှာ ဆိုင်ခန်းနေရာတွေက အပြီးဖယ်ပေးရမယ်လို့ သက်ဆိုင်ရာကျောင်းတွေက ဆိုင်ရှင်တွေထံ စာပို့အကြောင်းကြားထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွေမှာ ကျူးကျော်ဆိုပြီး နေအိမ် ဖျက်သိမ်းဖယ်ရှားတာ၊ ဌာနဆိုင်ရာ ပရဝု‌ဏ်မှာ ငှားရမ်းထားတဲ့ ဆိုင်ခန်းတွေ ဖယ်ရှားတာတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013