DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် KNDF ထံ ဝင်လာသည့် လူငယ် ၅၀၀ ကျော် စစ်သင်တန်းဆင်း (ဓာတ်ပုံ)
DVB
·
May 1, 2024
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် KNDF ထံ ဝင်လာသည့် လူငယ် ၅၀၀ ကျော် စစ်သင်တန်းဆင်း (ဓာတ်ပုံ)
1 / 14
Donate to DVB

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အသစ်တိုးချဲ့ဖွဲ့စည်းထားတဲ့ အမှတ် ၇ ဗျူဟာရဲ့ စစ်အခြေခံသင်တန်း ပထမဆုံး အပတ်စဉ်ကို စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးတဲ့နောက် ဆက်သွယ်ဝင်ရောက်လာတဲ့ လူငယ်သင်တန်းသား အယောက် ၅၀၀ ကျော်ဟာ ဧပြီ ၃၀ ရက်က ကရင်နီပြည်နယ်တနေရာမှာ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အနယ်နယ်အရပ်ရပ်က လူငယ်တွေက KNDF နဲ့အတူတူ တိုက်ပွဲဝင်ဖို့ ဆက်သွယ်လာတာကြောင့် သာမန်သင်တန်းဆင်းပွဲတွေထက် အင်အား ၂ ဆ ၃ ဆ များလာတာလို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

“အခုကတော့ ကျနော်တို့ KNDF မှာ ဗျူဟာအသစ်တခု ထပ်ဖွဲ့စည်းတယ်။ ဗျူဟာ အမှတ် ၇ ပေါ့၊ လက်ရှိ သင်တန်းသား ၅၀၀ ကျော် တက်ရောက်သင်တန်းဆင်းတာဖြစ်တယ်။ အခုဆင်းတဲ့ သင်တန်းသား ၅၀၀ ကျော်က ဗျူဟာ အမှတ် ၇ မှာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ လူငယ်သင်တန်းသားတွေအနေနဲ့လည်း ထင်ထားတာထက်ပိုပြီး ပင်ပန်းခဲ့ရတယ်” လို့ ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ဒုတိယစစ်ဦးစီးချုပ် မာဝီက “ဒီသင်တန်းဆင်းပွဲကတော့ အသစ်ထပ်မံဖွဲ့စည်းတဲ့ ဗျူဟာအမှတ် ၇ ပဲဖြစ်ပါတယ်။ ဗျူဟာရဲ့ ပထမဆုံးအပတ်စဉ်အဖြစ် အင်အား ၅၀၀ ကျော် ဆင်းတာဖြစ်ပါတယ်။ ကျနော်တို့ဟာ အင်အားယုတ်လျော့နေတာမဟုတ်ဘူး၊ အင်အားတွေ တဖြည်းဖြည်း တိုးပွားလာတာ ဖြစ်တယ်။ စစ်ကောင်စီကို တော်လှန်လိုသူတွေ တနေ့ထက်တနေ့ တိုးတက်လာတဲ့ ပြယုဂ်ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီကို ​ချေမှုန်းမယ့်သူတွေဟာ ထောင်နဲ့ သောင်းနဲ့ချီ ရှိနေတဲ့ အခြေအနေတခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးကတည်းက မြို့ပြတွေမှာ တရက်ထက်တရက် ဖမ်းဆီးမှုတွေ၊ ငွေညှစ်မှုတွေ အများအပြားရှိလာပြီး စစ်ကောင်စီတပ်ရဲ့ မတရားမှုတွေကြားမှာ စစ်မှုထမ်းဖို့ဟာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် KNDF ထဲ ဆက်သွယ်ဝင်ရောက်လာကြသူတွေ ပိုမိုများပြားလာတာလို့ သင်တန်းသားတွေက ပြောပါတယ်။

အခြေခံစစ်သင်တန်းဆင်း ရဲဘော် ၅၀၀ ကျော်ဟာ KNDF ဗျူဟာ ၇ မှာ တိုက်ခိုက်ရေးအဖွဲ့၊ ထောက်ပို့အဖွဲ့၊ ဆေးအဖွဲ့ စသဖြင့် ဗျူဟာမှူးရဲ့ ညွှန်ကြားချက်တွေနဲ့ ဆက်သွားမှာဖြစ်ပြီး လူဦးရေ များပြားလာတာနဲ့အမျှ စားနပ်ရိက္ခာ လိုအပ်မှုတွေကလည်း အခက်အခဲ ဖြစ်လာတယ်လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

သင်တန်းဆင်းပွဲကို ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ် ခေါင်းဆောင်တွေနဲ့ လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ စစ်ဘေးရှောင် အကူအညီပေးရေး အဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်တွေက စစ်ရေးပြစစ်ကြောင်းနဲ့ ချီတက်အလေးပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013