Home
နိုင်ငံတကာ
အာရှနိုင်ငံများ၌ ပြင်းထန်သည့်အပူဒဏ် ဆက်လက်ကြုံတွေ့ ခံစားနေရ 
DVB
·
April 30, 2024

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှဒေသတဝန်းက နိုင်ငံတွေမှာ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ပြည်သူတွေ  ရင်ဆိုင် ကြုံတွေ့ခံစားနေကြရပါတယ်၊

ထိုင်းနိုင်ငံမှာ လတ်တလောအပူချိန်တွေ မြင့်မားနေပြီး လာမယ့် မေ ၂ ရက်အထိ ဆက် လက်ပူပြင်းနေဦးမယ်လို့ ထိုင်းမိုးဇလဌာနက ဧပြီ ၃၀ ရက် ဒီနေ့မနက် ၆ နာရီမှာ ထုတ် ပြန်ထားပါတယ်။ 

ထိုင်းနိုင်ငံ အထက်ပိုင်းဒေသတွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာကြောင့် အပူချိန် အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားနေမှာဖြစ်ပြီး အချို့အရပ်မှာ မိုးသက်လေပြင်းပါ ကျ နိုင်တယ်၊ နေ့ခင်းဘက်မှာ မြူမှုန်တွေရှိမယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ပြည်သူတွေအနေနဲ့ နေပူထဲအချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်းမှ ‌ရှောင်ကြဉ်ဖို့၊ ထိုင်း အရှေ့မြောက်ဒေသ၊ အရှေ့ပိုင်းဒေသ၊ အနောက်တောင်ပိုင်းနဲ့  တောင်ပိုင်းဒေသတွေမှာ မိုး သက်လေပြင်း တိုက်ခတ်နိုင်မယ်၊ မိုးသီးကြွေခြင်းနဲ့ လျှပ်စီးလျှပ်ခြင်း  မိုးကြိုးပစ်ခြင်း အန္တရာယ်တွေ သတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဧပြီ ၃၀ ရက်နေ့  မနက် ၆ နာရီမှ မေ ၁ ရက် မနက် ၆ နာရီထိ ဒေသအလိုက်အပူချိန်တွေမှာ -  မြောက်ပိုင်းဒေသ နေ့ခင်းပိုင်း အလွန်ပူပြင်းပြီး ဒေသရဲ့ အနောက်ပိုင်းအရပ်မှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်၊ အနိမ့်ဆုံးအပူချိန် ၂၄ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်၊ အနောက်တောင်လေ တနာရီလျှင် ၅ မှ ၁၅ ကီလိုမီတာထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 

အရှေ့မြောက်ပိုင်းဒေသ နေ့ခင်းပိုင်း အလွန်ပူပြင်းပြီး အချို့နေရာ နေ့ခင်းဘက် မိုးသက်လေပြင်း ကျနိုင်တယ်၊ အနိမ့်ဆုံးအပူချိန် ၂၄ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်၊ အနောက်တောင်လေ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 

အလယ်ပိုင်းဒေသ နေ့ခင်းပိုင်း အလွန်ပူပြင်းပြီး အချို့နေရာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်၊ အနိမ့်ဆုံးအပူချိန် ၂၆ နဲ့ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်၊ အနောက်တောင်လေ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 

အရှေ့ပိုင်းဒေသ ရာသီဥတုပူပြင်းပြီး အချို့နေရာ နေ့ခင်းဘက် မိုးသက်လေပြင်း ကျရောက် နိုင်တယ်၊ ဒေသရဲ့ ၁၀ ရာခိုင်နှုန်း မိုးရွာနိုင်မယ်၊ အနိမ့်ဆုံးအပူချိန် ၂၈ နဲ့ အမြင့်ဆုံး ၄၃ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်၊ အနောက်တောင်လေ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 

တောင်ပိုင်းဒေသ  နေ့ခင်းပိုင်း ပူပြင်းပြီး ဒေသရဲ့ ၁၀ ရာခိုင်နှုန်း  မိုးသက်လေပြင်း ကျရောက်နိုင်တယ် ။ အထူးသဖြင့် စူရတ်ဌာနီ ၊ နခွန်းဆီထမရတ် ၊ ဆုန်ခလာ ၊ ပတ္တနီ ၊ ယာ့လား နဲ့ နာရ ာသီဝပ်ဒေသတွေဖြစ်တယ် ၊လို့ ဆိုပါတယ် ၊။  အနိမ့်ဆုံးအပူချိန် ၂၄ အမြင့်ဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်။ လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မှ ၃၀ ကီလိုမီတာထိတိုက်ခတ်နိုင်တယ်။ ပင်လယ်ရေလှိုင်း အမြင့်  ၁ မီတာရှိ တက်လာနိုင်တယ်၊

ဘန်ကောက်နဲ့အနီးတဝိုက်မှာ - အပူချိန်ပုံမှန်ပူပြင်းပြီး နေ့ခင်းပိုင်း မိုးသက်လေအပြင်းရှိမယ် ၊ အချို့နေရာ အလွန့် အလွန် ပူပြင်းနိုင်မယ် ၊  အနိမ့်ဆုံးအပူချိန် ၂၄ အမြင့်ဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ထိမြင့်မားမယ်။ လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မှ ၃၀ ကီလိုမီတာ ထိတိုက်ခတ်နိုင်တယ်။ ပင်လယ်ရေလှိုင်း အမြင့်  ၁ မီတာရှိ တက်လာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ထိုင်းမှာ လွန်ခဲ့တဲ့လက အပူဒဏ်ကြောင့် လူ ၃၀ သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဆိုက်ကားသမားတွေဟာ သီတင်းပတ် တပတ်ကျော် ကြာနေပြီဖြစ်တဲ့ အပူလှိုင်းဒဏ်ကြောင့် အလုပ်လုပ်တာနဲ့ အနားယူခြင်းကြားမှာ မျှတအောင် ရုန်းကန်နေရပါတယ်။

အသက် ၄၅ နှစ်အရွယ် ရှာဟဘ်အလီက သူ့ဘဝမှာ ဒီလိုပူလောင်မှုမျိုး တခါမှ မကြုံဖူးဘူးလို့ ပြောပါတယ်။

“နွေရာသီက ပူသင့်ပေမဲ့ လေပြင်းနဲ့ မိုးရွာတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အဲလိုမဖြစ်ဘဲ လူတွေ အများကြီး ဒုက္ခရောက်တယ်။”

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ဂျိုင်ပူရ်မြို့၊ နာဟာဂါး ဇီဝဗေဒဥယျာဉ်က ဒေသန္တရ အရာရှိ ဂျာဒိရှ် ရှာမာကတော့ "တိရစ္ဆာန်တွေကို အပူလှိုင်းဒဏ်ကနေ ကာကွယ်ဖို့ အရိပ်ရဖို့ အစိမ်းရောင် ပိုက်ကွန်တွေ ချထားတယ်။ ပြီးတော့ လှောင်အိမ်ထဲက ကျားတွေအတွက် ရေဖျန်းကိရိယာတွေ၊ ရေအေးစက်တွေ တပ်ဆင်ထားတယ်။ သူတို့ရဲ့ အစားအသောက်ကိုလည်း အထူးဂရုစိုက်ပြီး ဝက်ဝံတွေကို အသီးအနှံတွေ ရေခဲမုန့်တွေ ကျွေးထားပါတယ်”လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ အပူဒဏ်ကြောင့် သံသယရှိသူ ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဧပြီ ၂၉ ရက်မှာ ဖော်ပြပါတယ်။

အပူချိန် စံချိန်တင် မြင့်တက် သွားခဲ့တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူ ရှီခါ ကူရီယာကို့စ်က ပြောပါတယ်။

“အခုလောလောဆယ်တော့ လူပေါင်း ၄၅၀ လောက် အပူနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သေဆုံးသူ နည်းနည်း ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပေမဲ့ ကျန်းမာရေး ဌာနက အတည်ပြုတဲ့ တရားဝင် အစီရင်ခံချက် မရှိသေးပါဘူး။”

ဖိလစ်ပိုင်နိုင်ငံမှာတော့ အသေးစားလုပ်ငန်းတွေဟာ လက်ရှိဖြစ်နေတဲ့ အပူလှိုင်းကြောင့် သူတို့ရဲ့ ဝင်ငွေ တွေ အပြင်းအထန် ထိခိုက်တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရ မိုးလေဝသအေဂျင်စီက ခန့်မှန်းချက်က မြို့တော်ဒေသရဲ့ အပူချိန်ဟာ လာမယ့် ၃ ရက်အတွင်း ၃၇ ဒီဂရီစင်တီဂရိတ် (၉၈.၆ ဒီဂရီဖာရင်ဟိုက်) ထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024