Home
မြန်မာသတင်း
လူမြင်ကွင်းပြန်ပေါ်လာသည့် ဒုစစ်ခေါင်းဆောင် အောင်ဇေယျစစ်ဆင်ရေးကို ဆက်ကွပ်ကဲနိုင်
DVB
·
April 30, 2024

ရက်အတော်ကြာပျောက်နေခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းကို ပြန်ပေါ်လာပြီး အောင်ဇေယျ စစ်ဆင်ရေးကို နေပြည်တော်ကနေ ကွပ်ကဲလိမ့်မယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ  ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးကတည်းက ပျောက်ကွယ်နေတာဖြစ်ပြီး ဧပြီ ၂၉ ရက်မှာတော့ စစ်ဆေးရုံကိုသွားခဲ့ပြီး လူမြင်ကွင်းကို ပြန်ထွက်လာပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့က စစ်ဆေးရုံမှာ ဆေးကုနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်ကြည့်ရှုနေတဲ့ ရုပ်သံကို စစ်ကောင်စီရဲ့ မြဝတီရုပ်သံက ဧပြီ ၂၉ ရက် ညပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတွေနဲ့အတူ စစ်ဆေးရုံကို သွားကြည့်ခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ကရင်နဲ့ မွန်ပြည်နယ်တွေက ဝန်ကြီးချုပ်တွေအပါအဝင် စစ်ကောင်စီအရာရှိတွေနဲ့ အစည်းအဝေး လုပ်ခဲ့ကာ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ဝင်ပေါက်တွေ ရှိတဲ့အတွက် ထိုင်းနိုင်ငံ နဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ပြောခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်သံမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ကရင်နဲ့ မွန်နယ်မြေတွေက စစ်ကောင်စီတပ်တွေကို အခြေကျအောင် လုပ်ပြီးပြီလို့ ယူဆရကာ အောင်ဇေယျစစ်ဆင်ရေးကိုလည်း နေပြည်တော်ကနေသာ ဆက်ပြီး ကွပ်ကဲမယ့် အခြေအနေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“အောင်ဇေယျစစ်ဆင်ရေးက ဒေါနတောင်ပေါ်စတက်လာပြီ။ ကရင်နဲ့ မွန်နဲ့ကို အခုအနေအထားကနေ ဒါ့ထက် ပိုကောင်း ပိုသာအောင် စိုးဝင်းဆက်လုပ်ဦးမယ်လို့ ထင်တယ်။ ကရင်နဲ့မွန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာဦးမယ်လို့ ပြောချင်ပါတယ်။ မော်လမြိုင်ကနေ ဆက်ပြီး အထိုင်မချလောက်ဘူး၊ ၃ ပတ်လောက်နီးပါးသွားပြီး တပ်တွေကို အခြေကျအောင် လုပ်ပြီးတဲ့အနေအထား။ သူ နေပြည်တော်ကပဲ ကွပ်ကဲလိမ့်မယ်၊ ဒစကမှူး ထားခဲ့ပြီးတော့ပေါ့။ သူကတော့ နေပြည်တော်ကနေပဲ ကွပ်ကဲမယ်၊ လိုအပ်ရင် တခေါက်ပြန်သွားမယ်၊ အဲ့လိုကွပ်ကဲမယ့် အနေအထားလို့ မြင်ပါတယ်။”

အားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေဟာ ၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာတွေ လုပ်လာနိုင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်မှာ နေပြည်တော်က စစ်ရုံးချုပ်၊ ​​လေတပ်တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို သင်္ကြန်ကာလမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်နေတဲ့ ပြင်ဦးလွင်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကနေ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပြီဆိုပေမဲ့ မြေပြင်စစ်ရေးအရလည်း စစ်ကောင်စီကို ဖိအားပေးနိုင်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို ပြောပါတယ်။

“စစ်ကောင်စီ ဗိုလ်ချုပ်တွေအတွက် နေရာတော်တော်နည်းသွားပြီဆိုတာ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ သူတို့ရပ်တည်လို့ မရတဲ့အထိတော့ မရောက်သေးဘူး။ ဒရုန်းနဲ့ လေကြောင်းတိုက်တာတွေက စစ်ပွဲတပွဲကို ဆုံးဖြတ်ပေးနိုင်မှာမဟုတ်ဘူး၊ စစ်ပွဲကိုဆုံးဖြတ်မှာက မြေပြင်တိုက်ပွဲတွေ ဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်မို့ ဒရုန်းစစ်ဆင်ရေးတွေဟာ အတော်အောင်မြင်ပြီး စစ်ဗိုလ်ချုပ်တွေကို ထိတ်လန့်‌ချောက်ချားစေပေမဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားတော့ မရောက်သေးဘူးလို့ ယူဆပါတယ်။”

ဒုစစ်ခေါင်းဆောင် ကိုယ်တိုင်ဦးဆောင်ပြီး အောင်ဇေယျ စစ်ဆင်ရေးနဲ့အတူ မြဝတီကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။ လောလောဆယ်မှာ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ဒေသခံတွေကို နေရပ် ပြန်လာနေဖို့ လုပ်ဆောင်နေပါတယ်။ 

မြဝတီမြို့ကို စစ်ကောင်စီတပ်နဲ့ BGF အပါအဝင် ကရင်တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024