DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လိုအပ်လာလျှင် အမြဲအသင့်ရှိနေမည်ဟု ဒုစစ်ခေါင်းဆောင်ပြော
DVB
·
March 30, 2026
Photo : MOI
Photo : MOI
Donate to DVB

စစ်တပ်က လိုအပ်လာရင် ဘယ်အချိန်မဆို အမြဲအသင့်ရှိနေမယ်လို့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ပွဲမှာ ပြောပါတယ်။

နေပြည်တော် ဇေယျာသီရီဗိမာန်မှာ ဒီကနေ့ မနက်ပြုလုပ်တဲ့ ဒုကာကွယ်ရေးဦးစီးချုပ်တာဝန်အား ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပြောင်းပေးအပ်ပွဲမှာ ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

“မိမိ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဆင်ရေးအောင်မြင်ရေးနဲ့ အထိအခိုက်အကျအဆုံး အနည်းဆုံးဖြင့် အောင်မြင်ရေး စသည်တို့ကို ရည်မှန်း၍ အတွေ့အကြုံနှင့် သွန်သင်ဆုံးမမှုများ၊ သင်ကြားပေးခဲ့သည့် စစ်ပညာများကို အသုံးချ၍ မှန်ကန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း တပ်မတော်က လိုအပ်လာပါက မည့်အချိန်တွင်ဖြစ်စေ အမြဲတမ်းအဆင်သင့်ရှိနေဖြစ်ကြောင်း။" 

ဒုကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးတာနဲ့ပတ်သက်ပြီး “မျိုးဆက်သစ်ငယ်ရွယ်နုပျိုလန်းဆန်းသည့် တပ်မတော်ဖြစ်စေရေးအတွက် လွတ်လပ်ရေးမရမီအချိန်၊ လွတ်လပ်ရေးရရှိပြီး အချိန်မှ ယခုအချိန်အထိ အဆင့်ဆင့်သော ခေါင်းဆောင်များက လေ့ကျင့်သင်ကြားပေးကာ တာဝန်များကို အသီးသီးလွှဲပြောင်းပေးတာဖြစ်ပြီး တာဝန်တခုလွှဲပြောင်းခြင်းသည် သာမန်လွှဲပြောင်းခြင်း မဟုတ်ဘဲ ယုံကြည်မှု၊ စိတ်ချမှု၊ သင့်တော်သူများကို ကြိုတင်လေ့ကျင့်ပေးမှုတို့ဖြင့် တာဝန်များကို လွှဲပြောင်းပေးအပ်တာလို့ ရှင်းပြပါတယ်။

တာဝန်ကို လက်ခံရယူခဲ့သူတွေအနေနဲ့ အတွေေအကြုံနဲ့ယှဉ်ပြီး ခေါင်းဆောင်မှသာ တပ်မတော်ယရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး၊ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်တွေနဲ့ တက်ရောက်လာတဲ့ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး နိုင်ငံ့အရေးကို ထမ်းဆောင်နိုင်မယ်လို့လည်း သတိပေးပြောဆိုပါတယ်။

ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းမှာ ၁၉၈၉ ခုနှစ်က DSA အပတ်စဥ် ၃၅ ကျောင်းဆင်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ စစ်ဦးစီးရုံးမှာ ဒုဗိုလ်ကနေ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ကာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိဖြစ်လာပြီးနောက် ရာထူးတိုးခဲ့ပါတယ်။

အဲဒီကနေ ဗိုလ်မှူးရာထူးတိုးပြီး ၂၀၀၀ ပြည့်နှစ်မှ် နေပြည်တော် ပျဉ်းမနား ခမရ ၄၁၁ တပ်ရင်းမှူး၊ ၂၀၀၆ ခုနှစ်မှာ တာချီလိတ်စစ်ဗျူဟာအခြေချဗျူဟာမှူး၊ ၂၀၁၆ ခုနှစ်မှာ စကခ ၆ စကခမှူး၊ ၂၀၁၈ ခုနှစ်မှာ လပခတိုင်းမှူး၊ ၂၀၁၉ ခုနှစ်မှာ ဗိုလ်ချုပ်အဆင့်ရာထူးတိုးပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို တိုးကာ စစ်ထောက်ချုပ်နဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ၂၀၂၄ ခုမှာ ကြည်း၊ ရေ၊ လေ  ညှိနှိုင်းကွပ်ကဲရေးမှုး ရာထူးကို တိုးပေးခဲ့တာဖြစ်ပါတယ်။

နေပြည်တော် ဇေယျာသီရီဗိမာန်မှာ ဒီကနေ့ မနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်တာဝန်ကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပေးခဲ့သလို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ဒုချုပ်တာဝန်ကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပေးခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013