DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
April 30, 2024
အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ ဧပြီ ၂၉ ရက်က လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိပြီး ဆက်စပ်သံသယရှိသူတဦးကိုလည်း အာသံရိုင်ဖယ်တပ်က ဖမ်းဆီးထားတယ်လို့ အိန္ဒိယတူဒေးသတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိထားသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပဲ သိမ်း ဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေထဲမှာတော့ ၈၁ မီလီမီတာ စိန်ပြောင်း ၁၁  လက်၊ ပစ္စတိုသေနတ် ၁၀ လက်၊ လက်ကိုင်စကားပြောစက် ၁၉၈ စုံ၊ ဂြိုဟ်တုဖုန်း ၁ လုံးနဲ့ Kenbo အမျိုးအစား ဆိုင်ကယ်တစီး စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အိန္ဒိယ-မြန်မာနယ်စပ် အဆိုပါဒေသတလျှောက် ဝင်ရောက်စစ်ဆေးချိန်မှာ  ခုလို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီးတော့ တခြားသော စစ်သုံးပစ္စည်းအရောင်းဆိုင်တွေကိုပါ စစ် ဆေးတွေ့ရှိခဲ့ရကာ အာသံရိုင်ဖယ်တပ်အတွက် နယ်စပ်လုံခြုံရေးအတွက် အဓိကကျတဲ့ အောင်မြင်မှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဖမ်းမိထားတဲ့ သံသယရှိသူနဲ့ အဆိုပါ လက်နက်ခဲယမ်းတွေကို နာဂလန်းရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှု တွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာနဲ့ မိုင် ၁,၀၀၀ နီးပါး နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်တွေမှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုပြီး ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်၊ စစ်ကိုင်းနဲ့ ချင်း ဒေသတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယဟာ တိုက်ပွဲတွေမှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီတပ်သားတွေက နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာတာတွေနဲ့ ကြုံနေရတဲ့အပြင် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံထားရပါတယ်။

Source: India Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013