DVB Logo
Home
နိုင်ငံတကာ
မြောက်ကယ်ရိုလိုင်းနားတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲအရာရှိ ၄ ဦး သေဆုံး
DVB
·
April 30, 2024
မြောက်ကယ်ရိုလိုင်းနားတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲအရာရှိ ၄ ဦး သေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့ထ်မြို့မှာ ပြစ်ဒဏ်ချမှတ်ခံရသူ တဦးကို ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေချိန် သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၄ ဦးသေဆုံးပြီး တခြား ၄ ဦး သေနတ်ဒဏ်ရာတွေ ရရှိခဲ့ကာ သံသယရှိသူလည်း သေဆုံးနေတာကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ အရာရှိတွေဟာ အေဂျင်စီမျိုးစုံမှ အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် မာရှယ်လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်တွေဖြစ်တယ်လို့ ရှားလော့ထ်-မဲ့က်လန်ဘာ့ဂ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်နီ ဂျန်နင်းစ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

သေဆုံးသွားရတဲ့ ရဲအရာရှိတွေဟာ သေနတ်လက်ဝယ်ထားရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူကို ဖမ်းဝရမ်းထုတ်ဖို့ သွားရောက်ရင်း သံသယရှိသူတည်ရှိရာ နေအိမ်ကို သူတို့ရောက်ရှိလာချိန်မှာ အိမ်ထဲကနေ ရဲတွေကို စတင်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဂျန်နင်းစ်က ပြောပါတယ်။

ရဲတွေက ပြန်ပစ်ခတ်ခဲ့လို့ တရားခံဟာ ခြံရှေ့မှာပဲ သေဆုံးသွားပါတယ်။ အဲဒီနောက် တာဝန်ရှိသူတွေဟာ အိမ်ထဲကနေ ပစ်ခတ်နေတာကို ကြုံရပါတယ်။

တင်းမာတဲ့ ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာပဲ SWAT အဖွဲ့မှ နေအိမ်ကိုရှင်းလင်းကာ အတွင်းမှ လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို တုံ့ပြန်ခဲ့တဲ့ ရှားလော့ထ်-မဲ့က်လန်ဘာ့ဂ် ရဲတပ်ဖွဲ့မှ  ၄ ဦး ဒဏ်ရာရရှိခဲ့တာမှာ တဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး ကျန် ၃ ဦးကတော့ အခြေအနေ တည်ငြိမ်ကြောင်း သိရပါတယ်။

သမ္မတ ဘိုင်ဒင်ကို ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အကျဉ်းချုံး တင်ပြထားပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး ရွိုင်ကူးပါးနဲ့ စကားပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013