DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်ရှိ နေအိမ် ၅၀၀ကျော်ကို စစ်ကောင်စီက အဓမ္မဖယ်ရှားခိုင်း
DVB
·
April 30, 2024
မရမ်းကုန်းမြို့နယ်ရှိ နေအိမ် ၅၀၀ကျော်ကို စစ်ကောင်စီက အဓမ္မဖယ်ရှားခိုင်း
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတလျှောက်ရှိ နေအိမ်တွေကို ရက် ၂၀ အတွင်း ဖျက်သိမ်းပေးဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်က ဧပြီ ၂၆ မှာ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်စည်ပင်က အမှတ် ၃ ရပ်ကွက်ရှိ နေအိမ် ၅၀၀ ကျော်ကို စည်ပင်မြေဟုဆိုကာ မေ ၂၅ ရက်အထိ နောက်ဆုံးထားပြီး ဖျက်သိမ်းဖယ်ရှားပေးရမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နေအိမ်ဖျက်ခံရတဲ့အထဲမှာ ပါဝင်တဲ့ ဒေသခံတဦးက “ကျမတို့ ဒီနေရာမှာနေလာတာ ၂၅ နှစ်လောက်ရှိပြီ။ တခြားနေရာရွေ့ဖို့အတွက် ကျမတို့မှာ တော်တော်အခက်အခဲဖြစ်တယ်။ ကျမတို့က ဒီကနေဖျက်ပြီး ဘယ်နေရာမှာ သွားနေရမလဲ။ ဒီမှာနေသူတွေက လက်လုပ်လက်စားသမားတွေပါ”လို့ ပြောပါတယ်။

နေထိုင်သူတွေရဲ့ အဆောက်အအုံတွေနဲ့ ပစ္စည်းတွေကို မဖယ်ရှားပေးပါက မေ ၂၇ ရက်မှာ ပုဒ်မ (၅၁)အရ အင်အားစုဖွဲ့ ရှင်းလင်းဆောင်ရွက်သွားမယ်လို့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။

မြို့ခံတဦးက “အခုလိုမျိုး ပြည်သူတွေ အခက်အခဲဖြစ်နေချိန် ဖယ်ရှားခိုင်းတာဟာ မတရားဘူး။ လက်ရှိအချိန်မှာ ဖယ်ရှားခံရသူတွေအနေနဲ့ တခြားနေရာတွေကို ရွှေ့ပြောင်းနေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်၊ နိုဝင်ဘာ ၁၉ ရက် အမှတ် ၃ ရပ်ကွက်၊ ကံသာဇေယျုံကျောင်းလမ်းမှာ လူဦးရေ ၁၀၀၀ နီးပါးနေထိုင်တဲ့ လူနေအိမ် ၁၅၀ လောက်ကိုလည်း စစ်ကောင်စီ လက်အေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013