DVB Logo
Home
မြန်မာသတင်း
လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ စတင်မည်
DVB
·
April 29, 2024
လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ စတင်မည်
Donate to DVB

အခြေခံပညာကျောင်းအပ်လက်ခံတာတွေကို မေ ၂၃ ရက်နေ့ကနေ စတင် ပြုလုပ်သွားမယ်လို့ အခြေခံပညာအသိုက်အဝန်းက စုံစမ်းသိရှိရပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းအပ်လက်ခံတာတွေကို မေ ၂၃ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ကျောင်းဖွင့်ချိန်ကတော့ ဇွန် ၃ ရက်နေ့ဖြစ်တယ်လို့ ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။

“ကနဦးညွှန်ကြားချက်အရတော့ ၂၃ ရက်နေ့ စလက်ခံဖို့ ပြင်ဆင်ထားပါဆိုတာ ရှိတယ်။ အရင်နှစ်က ကျောင်းတက်နှုန်း၊ ကျောင်းအပ်နှုန်းတွေ လုပ်နေရတာတွေလည်း ရှိတယ်။ ဒီနှစ်အတွက် ဘယ်နေရာတွေ ဖွင့်လှစ်နိုင်မလဲ၊ ဘယ်ကျောင်းတွေ ဘယ်လိုပေါင်းရမလဲဆိုတာတွေလည်း တွက်ပေးနေရတာတွေရှိတယ်” လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတဦးက ပြောပါတယ်။

ကျောင်းအပ်နှံရေးနေ့မှာ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ် အခမဲ့ပေးဝေသွားမယ့် အခြေအနေတွေနဲ့၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာ၊ ဖတ်စာအုပ်တွေ ဖြန့်ဝေပေးမယ့် အစီအစဉ်တွေကတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ကျောင်းအပ်ရက်သတ်မှတ်အချိန်အတွင်း ကျောင်းအပ်နှံနိုင်တာမျိုးမရှိတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းတက်ဖို့ အဆင်ပြေမယ့် နေရာဒေသတွေမှာ မြို့နယ်ပညာရေးမှူးထောက်ခံချက်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ်က ပညာသင်ကြားခဲ့တဲ့ အထောက်အထားတွေနဲ့အတူ အခြားဒေသတွေမှာ ကျောင်းအပ်နှံနိုင်ဖို့အတွက်ကို စီစဉ်ဆောင်ရွက်ထားတယ်လို့ အခြေခံပညာအသိုက်အဝန်းက စုံစမ်းသိရှိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်ကတော့ အခက်အခဲအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူတွေကို ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး အခုနှစ်မှာလည်း အဆိုပါဖြေလျှော့မှုမျိုးကို ထပ်မံပေးနိုင်တယ်လို့ သိရပါတယ်။

ယခင်ပညာနှစ်ကတော့ အခြေခံပညာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၇ သန်းလောက် ကျောင်းတက်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ စတင်မည်