DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲများ ဥရောပနှင့် ဩစတြေးလျသို့ ပျံ့နှံ့
DVB
·
April 29, 2024
ဂါဇာစစ်ပွဲဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲများ ဥရောပနှင့် ဩစတြေးလျသို့ ပျံ့နှံ့
Donate to DVB

ဂါဇာစစ်ပွဲဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲတွေဟာ အမေရိကန်တက္ကသိုလ်တွေကနေ ဥရောပနဲ့ ဩစတြေးလျက ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ အပစ်ရပ်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဒုတိယအပတ် ရောက်ရှိလာချိန်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေက တက္ကသိုလ်တွေအနေနဲ့ အစ္စရေးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေပါ ရုပ်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။

ကျောင်းအသီးသီးက အာဏာပိုင်တွေကတော့ ဆန္ဒပြတာအထိ လက်ခံပေးပေမဲ့ တဲထိုးစခန်းချတာလိုမျိုး ကိစ္စတွေကိုတော့ ရဲအင်အားသုံး ရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။

ဒါ့အပြင် စစ်ပွဲဆန့်ကျင်ရေး၊ ပါလက်စတိုင်းထောက်ခံရေး ဆန္ဒပြမှုတွေကနေ ဂျူးမုန်းတီးရေး၊ ဂျူးဆန့်ကျင်ရေးဘက် ရောက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။

ကျောင်းသားရာနဲ့ချီပြီး အင်အားသုံး ဖမ်းဆီးတာတွေ လုပ်နေပေမဲ့ ဆန္ဒပြမှုတွေကတော့ လျော့ကျမသွားပါဘူး။

ဩစတြေးလျမှာလည်း ဆစ်ဒနီတက္ကသိုလ်မှာ ကျောင်းသားရာချီပြီး တဲထိုးဆန္ဒပြမှုမှာ ပါဝင်နေကြပါတယ်။

အမေရိကန်မှာလိုမဟုတ်ဘဲ ဩစတြေးလျမှာတော့ ငြိမ်းချမ်းစွာ တဲထိုးဆန္ဒပြမှုကို ကျောင်းအာဏာပိုင်တွေက ခွင့်ပြုပေးထားပါတယ်။

ဘာလင်မှာလည်း ပါလီမန်ရှေ့မှာ တဲထိုးဆန္ဒပြပြီး ဂျာမနီအစိုးရအနေနဲ့ အစ္စရေးကို လက်နက်တင်ပို့တာ ရပ်ဖို့ တောင်းဆိုနေကြပါတယ်။

ပြင်သစ်နိုင်ငံ မြို့တော်ပါရီက နာမည်ကျော် ရှောင်စ်ပိုလို့ ထင်ရှားတဲ့ ပါရီနိုင်ငံရေးလေ့လာမှုတက္ကသိုလ်က ပင်မအဆောက်အအုံရှေ့မှာ တဲထိုးဆန္ဒပြမှုတွေ ရှိခဲ့တဲ့အတွက် အတန်းတွေကို အွန်လိုင်းက ပြောင်းလဲသင်ကြားခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013