DVB Logo
Home
မြန်မာသတင်း
ဆင်ဘို ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်
DVB
·
April 29, 2024
ဆင်ဘို ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နဲ့ ၃ မိုင်ကွာမှာရှိတဲ့ စစ်ကောင်စီ ခလရ-၁၄၁ တပ်စခန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့‌က ဧပြီ ၂၉ ရက် မနက် ၇ နာရီ ဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီ‌နေ့ ဧပြီလ ၂၉ ရက်နေ့ မနက် ၇ နာရီ၊ ၇ နာရီခွဲခန့်မှာ တပ်စခန်းကို အကုန်လုံး ရှင်းလင်းပြီးပြီ။ ကာကင်း ၆ ခုရှိတယ်။ စစ်အင်အား ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူတို့ မခံနိုင်တော့လို့ သူတို့ဘာသာထွက်သွားတာ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

အဲဒီ ဆင်ဘို ခလရ-၁၄၁ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံ ပိတ်ဆို့ထားတာ ၂ လလောက်ကြာပြီလို့ သူကပြောပါတယ်။

“ခလရ-၁၄၁ ကို ၂ လလောက် ဝိုင်းပြီး ပိတ်ဆို့ထားတာ ဟုတ်တယ်၊ သိမ်းနိုင်သွားပြီ။ ဆင်ဘိုစခန်းမှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ရှိတယ်။ ရှမ်းနီ ပြည်သူ့စစ်တွေရော ပါတယ်။”

ဧပြီ ၂၈ ရက်‌ညမှာ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ စုဝေးနေတဲ့ တပ်စခန်းဝင်းထဲ စစ်ကောင်စီက လေယာဉ်နဲ့ မှားယွင်းပြီး ဗုံးလာကြဲမိတာကြောင့် အတုံးအရုံး ထိခိုက်ဒဏ်ရာရတဲ့အပြင် သေဆုံးသူ‌တွေလည်းရှိပြီး ဖရိုဖရဲ ထွက်ပြေးကုန်တာလို့ သူက ပြောပါတယ်။

ဧပြီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီက Mi - 17၊ Mi - 35၊ တိုက်လေယာဉ်၊ Y12  စတဲ့ ၄ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

အဲဒီ ဆင်ဘို ခလရ-၁၄၁ ရဲ့ ကာကင်းစခန်းတခုကို ဧပြီ ၂၆ ရက်နဲ့ နောက်ထပ် ကာကင်းစခန်းကို ဧပြီ ၂၇ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း KIA ရှေ့တန်းအသိုက်အဝန်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013