DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးပျက်ချိန် များလာသော်လည်း မီတာခမကျ
DVB
·
April 28, 2024
ရန်ကုန်တွင် လျှပ်စစ်မီးပျက်ချိန် များလာသော်လည်း မီတာခမကျ
Donate to DVB

ရန်ကုန်မြို့မှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေပေမဲ့ မီတာခကတော့ ကျမသွားဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လျှပ်စစ်မီးကို အပိုင်းအလိုက် အချိန်ပိုင်းခွဲပေးနေတယ်ဆိုပေမဲ့ ဒီနှစ်နွေအစကစလို့ လာချိန်၊ ပျက်ချိန် မမှန်တဲ့ အခြေအနေမျိုးကြုံနေရတာလို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက “မီးလာချိန်ဆိုပြီး မှန်းမရဘူး။ ပျက်ချင်တဲ့အချိန် ပျက်တာပဲ။ တရက်ကို မီးလာချိန် ဘယ်လောက်မှ မရှိပေမဲ့ မီတာခကတော့ ကျမသွားဘူး။ ပုံမှန် တလ နှစ်သောင်းလောက် ကျနေတုန်းပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို အပိုင်းလိုက် ၄ နာရီခြားပေးနေတယ်ဆိုပေမဲ့ ဒီရက်ပိုင်းမှာ ၄ နာရီ အပြည့်မရတော့ဘူးလို့ မီးသုံးစွဲသူတွေက ပြောပါတယ်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ နေထိုင်သူတဦးက “မနက် ၉ နာရီ လာရမယ့်မီးက နာရီဝက်လောက်လာပြီး ပျက်သွားတာ ၂ နာရီလောက်ရှိပြီ။ မီးလာပြန်တော့လည်း မီးအား ကကျတယ်။ မီတာခကလည်း ကျသွားတယ်မရှိဘူး”လို့ ပြောပါတယ်။

လျှပ်စစ်မီးက နေ့ခင်းပိုင်း၊ အချိန်ပိုင်းပေးချိန် မမှန်တော့သလို ညဘက် အိပ်ချိန်မှာလည်း ပုံမှန်ပျက်နေတာကြောင့် ပူလောင်မူဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

နေ့ပိုင်း မီး ၄ နာရီပေးရမှာကို ၂ နာရီလောက် ဆက်ပျက်နေတာဖြစ်ပြီး ညဘက်မှာလည်း ၃ နာရီလောက် မီးပျက်လေ့ရှိလာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်မှာ စက်ရုံလုပ်ငန်းတွေ ပိတ်ထားလို့ မီးအားပိုလျှံနေပေမဲ့ မီးပြတ်တောက်မှု ပိုဖြစ်ပေါ်ခဲ့သလို ဒီရက်ပိုင်းမှာ ပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။

အခုလို အပူချိန်မြင့်တက်နေချိန်မှာ လျှပ်စစ်မီး ပိုပျက်နေတာကြောင့် အပူဒဏ်ကို ပိုခံစားနေရသလို ပြည်သူတွေကြား ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013