DVB Logo
Home
နိုင်ငံတကာ
Save the Children အဖွဲ့အစည်း အဆောက်အဦများကို ဂွါတီမာလာ ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
DVB
·
April 28, 2024
Save the Children အဖွဲ့အစည်း အဆောက်အဦများကို ဂွါတီမာလာ ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
Donate to DVB

ဂွါတီမာလာ ရဲတပ်ဖွဲ့ဟာ ကလေးသူငယ်တွေအပေါ် ညှဉ်းပန်းနှိပ်စက် အလွဲသုံးစားပြုမှု ရှိကြောင်း စွပ်စွဲချက်တွေကြောင့် Save the Children အန်ဂျီအိုအဖွဲ့အစည်းရဲ့ အဆောက်အဦတွေကို ဧပြီ ၂၅ ရက်က ဝင်ရောက်စီးနင်းခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဆန့်ကျင်ရေး အထူးရှေ့နေဟာ ဂွါတီမာလာ ကလေးငယ်တွေအပေါ် စော်ကားမှုတွေ ပါ၀င်လာနိုင်တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ အရေးကြီးတဲ့ နိုင်ငံဖြတ်ကျော် စုံစမ်းစစ်ဆေးမှုတခုအတွက် သက်သေအထောက်အထားတွေကို စစ်ဆေးဖို့နဲ့ စုဆောင်းဖို့ စီးနင်းမှုပြုလုပ်တာဖြစ်ကြောင်း အထူးရှေ့နေ ရာဖှဲလ် ကာရူချီချေ က ပြောပါတယ်။ 

အစိုးရရှေ့နေရုံးမှာ အစီရင်ခံစာ တင်သွင်းအပြီးမှာ အခုလို အရေးယူဆောင်ရွက်တာ ဖြစ်ေကြာင်း သူက ဆိုပါတယ်။ အစီရင်ခံစာကို ခြေရာခံပြီးတော့ ဒီစုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကဆက်ပြည်နယ် အစိုးရရှေ့နေရဲ့ ပံ့ပိုးကူညီမှုကိုလည်း တောင်းဆိုထားကြောင်းလည်း ပြောပါတယ်။

အခုကိစ္စဟာ ရွှေ့ပြောင်းကလေးငယ်တွေနဲ့ ပတ်သက်နေတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ 

ဧပြီ ၂၆ ရက်က ရေးသားထုတ်ပြန်တဲ့ စာထဲမှာတော့ Save The Children က အခုစီးနင်းမှုဟာ မကြုံစဖူးပါပဲလို့ ဆိုပြီး သူတို့အဖွဲ့တွေဟာ နိုင်ငံပြင်ပမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ရွှေ့ပြောင်းရာမှာ တခါမှ မကူညီခဲ့ဖူးကြောင်း ပြောပါတယ်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဆန့်ကျင်ရေး အထူးရှေ့နေ ကာရူချီချေဟာ ၂၀၂၂ ခုနှစ်တုန်း ဒေသတွင်းမှာ အကျင့်ပျက် ခြစားသူတွေကို ဖော်ထုတ်ပေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တမန်တော်များ စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013