DVB Logo
Home
မြန်မာသတင်း
အုတ်ဖို တိုက်ပွဲတွင် စစ်သား ၁၅ ဦး သေ၊ ဘုတလင်တွင် စစ်ကြောင်းတိုက်ခိုက်ခံရ
DVB
·
April 28, 2024
အုတ်ဖို တိုက်ပွဲတွင် စစ်သား ၁၅ ဦး သေ၊ ဘုတလင်တွင် စစ်ကြောင်းတိုက်ခိုက်ခံရ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် ထိခိုက်သေဆုံးပြီး စစ်ကိုင်းတိုင်းမှာတော့ မုံရွာမြို့က ထွက်လာတဲ့  စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး MA 1 သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

အုတ်ဖိုမြို့နယ်မှာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ ဧပြီ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

“အုတ်ဖိုမြို့နယ် အရှေ့ဘက်ဗျူဟာလမ်း တင်းဝါးချောင်းရွာနားမှာ ကျနော်တို့ PDF တပ်ပေါင်းစု ရဲဘော်တွေနဲ့ စစ်ခွေးအင်အား ၄၀ လောက်ပါတဲ့ တပ်မ ၆၆ လက်အောက်ခံခွေးတပ်တို့ ၂ ရက် နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ” ​လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း (၃၈၀၁) တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာတော့ ဧပြီ ၂၅ ရက် မနက်အစောပိုင်းက မုံရွာ နမခကနေ ထွက်လာတဲ့  စစ်ကောင်စီစစ်ကြောင်းကို နယ်မြေခံ ပကဖနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး MA 1 တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ BNRA ပြန်ကြား‌‌‌ရေး တာဝန်ရှိသူက ပြောပါတယ်။

ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကြီးက “အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ (နမခ) က အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ် ကြောင်းကို ဘုတလင်မြို့နယ်၊ ထန်းတောရွာအနီးမှာ ခြုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဗျ။ ထိတွေ့မှုတိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်ဖြစ်သေးတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့ပြေးကင်းရဲ့ MA 1 တလက်၊ ကျည်ဘောက် ၂ ဘောက်၊ အီနာဂါ ၁ လုံး၊ စစ်ယူနီဖောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ တိုက်ပွဲအတွင်း BNRA က ရဲဘော်တဦး လက်နက်ကြီးအစ ထိမှန်ခဲ့တယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီး ထန်းတောရွာက ပြည်သူ့နေအိမ် ၅ လုံးကို ဖျက်ဆီးခဲ့ပြီး လက်ရှိမှာတော့ ဘုတလင်မြို့နယ်၊ ရုံးတောရွာမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013