
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြမိုက်ကယ်ကာရစ်က အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေမှာ ခါးသီးတဲ့ အမှန်တရားတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အသင်းရှေ့ဆက်ဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘုန်းမောက်အသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲမရှိဖြစ်နေတဲ့ မန်ယူအသင်းရဲ့ အခြေအနေတွေအတွက် အမှုဆောင်ချုပ် အိုမာဘာရာဒါ၊ ဘောလုံးရေးရာဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်တို့နဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
လာမဲ့ စနေနေ့ ချဲလ်ဆီးနဲ့ ကစားရမဲ့ပွဲစဉ်မှာတော့ ကာရစ်ကပဲ အသင်းကို ဆက်လက် ကိုင်တွယ်သွားမယ်လို့ အတည်ပြုထားပါတယ်။
ဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေဟာ အမြဲတမ်း သာယာဖြောင့်ဖြူးနေတာမျိုး မဟုတ်ဘဲ တခါတလေမှာ ခါးသီးတဲ့အမှန်တရားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတာဖြစ်ပြီး အသင်းကောင်းဖို့အတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ သူက ရှင်းပြပါတယ်။











